မိုက်ကယ်ကျော်မြင့်အား လက်ခံခဲ့သည့် ယောက္ခမအား အမှုဖွင့်

0
128

ဇွန် ၁၁

နိုင်လင်းဦး

တရားရုံးက ဖမ်းဝရမ်းထုတ်ခံထားရသည့် မိုက်ကယ်ကျော်မြင့်အား လက်ခံခဲ့သည့် ၄င်း၏ယောက္ခမဖြစ်သူအား အမှုဖွင့်ထားကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။

မိုက်ကယ်ကျော်မြင့်သည် မေလ ၁၅ ရက်နေ့ ညပိုင်းအချိန်က တောင်ဒဂုံမြို့နယ်တွင် အစ္စလာမ်ဘာသာဝင်များ ဥပုဒ်လမှာ တရားဝင် ဝတ်ပြုခွင့်ရထားသော နေအိမ် (၃) အိမ်ကို လူစုလူဝေးဖြင့်ရောက်လာပြီး ဝတ်ပြုတာကို တားမြစ်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုခံထားရသည် ။

အဆိုပါအမှုနှင့် ဝရမ်းထုတ်ထားခြင်းခံထားရသည့် မိုက်ကယ်ကျော်မြင့်အား ဇွန်လ ၁၀ ရက်နေ့က ဝမ်းတွင်းမြို့နယ် ကုန်းကန်ကျေးရွာရှိ ၄င်း၏ ယောက္ခမနေအိမ်တွင် ဖမ်းဆီးရမိခဲ့သည် ။

ထို့အတွက်ကြောင့် ဖမ်းဝရမ်းထုတ်ဆင့်ခံထားရသည့် သူမှန်းသိလျှက်နှင့် လက်ခံထားသည့် ဦးကျော်မောင် (၈၀) နှစ်အား ပင်းတလဲရဲကင်းစခန်းတွင် (ပ)၂၂/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၁၆ အရအမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည် ။

Leave a Reply