သစ်အလုံးလိုက်တင်ပို့ခြင်းbတိုင်းပြည် အခွန်ဘဏ္ဍာရရှိစေနိုင်သည့် အတွက် အဆင်ပြေစေနိုင်ဟုဆို

0
136

ဇွန် ၁၁

ယဉ်ကေနွယ်

ပြည်ပသို့ သစ်အလုံးလိုပ်တင်ပို့မှုကို ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်နေ့က စတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ထိုသို့ သစ်အလုံးလိုက်တင်ပို့ခြင်းသည် လုပ်ငန်းရှင်များအတွက် အကျိုးရှိစေနိုင်သည့် အပြင် တိုင်းပြည်အတွက်ပါ အဆင်ပြေကြောင်း မြန်မာ့သစ်လုပ်ငန်း စီမံကိန်းစာရင်းအင်းဌာနမှ အထွေထွေမန်နေဂျာ ဦးညီညီထွန်းကပြောသည်။

“ အဓိကကတော့ ကျွန်တော့် အမြင့်တော့ မူဝါဒတော့ သေချာ မသိဘူး။ပုဂ္ဂလိက လုပ်ငန်းစိုက်ခင်းလုပ်ငန်းရှင်တွေ အတွက် အကျိုးရှိမယ်။အဲ့ အပေါ်ကမှ ရတဲ့ တကယ်လို့ ပြည်ပ ဈေးကွက် တိုက်ရိုက်ရတယ်ဆိုရင် သူတို့လည်း ဈေးကောင်းရတော့ သူတို့လည်း အဆင်ပြေတယ်။ တိုင်းပြည်လည်း အခွန်ဘဏ္ဍာ ရရင် အဆင်ပြေတယ်။အဓိက က အဲ့ဒါပဲလို့ ထင်ပါတယ်”ဟု ဦးညီညီထွန်းကပြောသည်။

ယနေ့ နေပြည်တော်ရှိ Hilton ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မြန်မာသဘာဝပတ်ဝန်းကျင်ဆိုင်ရာလေ့လာဆန်းစစ်ချက်စာတမ်းထုတ်ပြန်သည့် အခမ်းအနားတွင် ဦးညီညီထွန်းမှ သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှုကို သဘာဝသစ်တောမှ ထွက်ရှိနေသည့် သစ်လုံးများ တင်ပို့ရမည် မဟုတ်ပဲ သစ်တောစိုက်ခင်းများမှ သစ်လုံးများသာ တင်ပို့ ရမည်ဖြစ် ပြီး တင်ပိုရ ရမည့် တန်ချိန်ကိုတော့ ကန့်သတ်ထားခြင်းမရှိကြောင်း သိရသည်။

“သစ်အလုံးလိုက်တင်ပို့ခွင့်ပြုတယ်ဆိုတာက စိုက်ခင်းက ထွက်တဲ့ သစ်တွေကိုပေါ့။အဓိက အားဖြင့် စီးပွားရေးစိုက်ခင်းတွေပေါ့။စီးပွားရေးစိုက်ခင်းတွေမှာ ပုဂ္ဂလိကက စိုက်တဲ့ ကျွန်း ၊ပျဉ်းကတိုး စတဲ့ စိုက်ခင်းတွေ အဲ့ဒီက ထွက်လာတဲ့ သစ်အလုံးဖြစ်စေ၊ သူတို့ရဲ့ စိုက်ခင်းကို အပြိးခုတ်လဲရောင်းချဖို့ ဖြစ်စေ၊ သူတို့ ကိုယ်တိုင်စိုက်ထားတဲ့ သစ်ဆိုရင် အလုံးလိုက် ပြည်ပ ကို တင်ခွင့်ပြုမယ်လို့ ထုတ်ပြန်တာပေါ့”ဟု ဦးညီညီထွန်းကပြောသည်။

ထိုသို့ စိုက်ခင်းမှ သစ်များ ခုတ်လဲမည်ဆိုပါက သစ်တောဦးစီးဌာနသို့ အကြောင်းကြားရမည်ဖြစ်ကြောင်း၊ သစ်တောဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းအတိုင်း မည်သည့် စိုက်ခင်းမှ ခုတ်မည်ကိုလည်း မှတ်တမ်းတင်ရမည်ဖြစ်ကြောင်ဦးညီညီထွန်းက ပြောသည်။

သဘာဝသစ်တောနှင့် စိုက်ခင်းများမှ ထွက်ရှိသည့် သစ်များခွဲခြားရာတွင် မည်သည့် ခုနှစ်က စိုကပျိုးသည်ကို မှတ်သားထားကြောင်း၊ထိုအမှတ်အားများ မပါရှိပါက တရားသစ် ဖြစ်ကြောင်း ၎င်း ကပြောသည်။

ထိုကဲ့သို့ သစ်များ စနစ်တကျ ထုတ်ယူ တင်ပို့ မည်ဆိုပါက ရာသီဥတု ဖောက်ပြန်မှု ကြီးမားစွာ ဖြစ်လာစရာ အကြောင်း မရှိကြောင်း ဦးညီညီထွန်းကပြောသည်။

“သစ်တော ပြုန်းတယ်ဆိုတာ တကယ်တော့ စိုက်ခင်းတွေ ဒါမှ မဟုတ် သစ်ထုတ်လုပ်သူတွေ စနစ်တကျ မဟုတ်ပဲ တရားမ၀င် ထုတ်တဲ့သူတွေ ဒီသစ်တောကို သစ်တော လုပ်ငန်းမဟုတ်ပဲ သစ်တောမြေနေရာကု အခြားသုံးစွဲတာတွေ ဒါမျိုးတွေကသာ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတို့ ရာသီဥတု ပျက်စီးတာ တို့ဖြစ်တာ။ တကယ်လို့ အဲ့ဒါမျိုးတေါ မရှိပဲ နဲ့ သစ်တောကို စနစ်တကျ စီမံအုပ်ချုပ်နိုင်တယ်။အဲ့ဒီထဲက စနစ်တကျ ထုတ်ယူနိုင်တယ်ဆိုရင် ဒီလိုမျိုးရာသီဥတု ဖောက်ပြန်တာ ကြီးကြီးမားမားဖြစ်လာ စရာ အကြောင်း မရှိဘူး”ဟု ၎င်း ကပြောသည်။

ထို့အတူ မြန်မာ့ သစ်ထုတ်လုပ်ရေးမှ ဒုတိယဥက္ကဌ ဦးသိန်းဝင်းမှ ပြည်ကသို့ သစ်အလုံးလိုက် တင်ပို့ ခွင့်ပြုတာသည် လုပ်ရပ်ကောင်း တစ်ခုဖြစ်ကြောင်း ပြောကြားသည်။

“သစ်လုံးတွေ သွင်းခွင့်ပေးတာသည် ကျွန်တော် အတွက် ရပ်တည်ရာ တစ်ခုလည်း ရသလို အထောက်အကူ လည်း ဖြစ်တယ်။ ဒါပေမဲ့ နိုင်ငံတော်အစိုးရ အနေနဲ့ ပြည်ပ ကနေသွင်းတဲ့ တင်ပို့ ကုန်နဲ့ တိုက်ဆိုင်ပြီးတော့ သာ ကောက်ယူနေရင် ကျွန်တော်တို့ တွေ ဘယ်လိုမှ ခေါင်းထောင်နိုင်မှာ မဟုတ်ဘူး”ဟု ၎င်း ကပြောသည်။

ပြည်ပကနေ ကုန်ချောများ သွင်းသည့် ကိစ္စတွင် အမြတ် အခွန်အတိုင်းသာ တိုင်းရင်းသားလုပ်ငန်းရှင်များ လုပ်နိုင်ကိုင်နိုင်သည့် အနေအထားအထိ ခွင့်ပြုပေးနိုင်ရန်လိုအပ်ကြောင်း ဦးသိန်းဝင်း ကပြောသည်။

ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့ မှုကို ၂၀၁၄ ခုနှစ်မှ စတင်ကာ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ပြီးပြီး ယခု မှသာ ပြန်လည် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply