နွေရာသီမှာ မန်ယူကို ပြောင်းဖို့ စိတ်ကူးနေတဲ့ အိုဇေး

0
223

ဇန်န၀ါရီ ၊ ၁၈ ၊ ၂၀၁၈

အာဆင်နယ်ကွင်းလယ်လူ အိုဇေးဟာ မန်ယူအသင်းကို ပြောင်းရွှေ့နိုင်ဖို့ အတွက် စိုးရိမ်ကြောင့်ကြမှု မရှိဘူးလို့ သိရပါတယ်။

မန်ယူအသင်းဟာ အပြောင်းအရွှေ့ဈေးကွက် မစတင်မီမှာ အိုဇေးကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားတဲ့ အရိပ်အယောင် တွေပြသခဲ့ပြီး ယခုအခါ အိုဇေးကိုယ်တိုင်က အိုးထရက်ဖို့ဒ်ကို ပြောင်းဖို့အတွက် စိတ်ဝင်စားလာပြီ ဖြစ်ပါတယ်။

အိုဇေးဟာ အဆိုပါမျှော်လင့်ချက်တွေကြောင့် အာဆင်နယ်အသင်းရဲ့ စာချုပ်သက်တမ်းတိုးမြှင့်မယ့် ကိစ္စအပေါ် ပယ်ချထားခဲ့ပါတယ်။ ဒါကြောင့် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမှာ အိုဇေးအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့အတူ မော်ရင်ဟိုဆီကို ခိုဝင်ဖို့ ရှိနေပါတယ်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျာမန်နိုင်ငံသား ကွင်းလယ်လူကို မန်ယူအသင်းက ၂၀၁၃ ခုနှစ်ကတည်းက စာချုပ်ချုပ်ဆိုခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့ နည်းပြ အာစင်ဝင်းဂါးက တိုက်စစ်မှူး ဆန်းချက်ဇ်ကို မန်ယူအသင်းဆီကို ထုတ်ရောင်းပြီး အိုဇေးကို အသင်းမှာ ခေတ္တဆက်ထိန်းထားဖို့ စီစဉ်နေပါတယ်။
အိုဇေးဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လာမယ့်နှစ်မှာ အသင်းပြောင်းတော့မယ်ဆိုတဲ့ သတင်းတွေကို မီဒီယာတွေ အများစုမှာ ဖော်ပြပါရှိထားပါတယ်။ ဒါပေမယ့်လည်း သူဟာ ရာသီအသစ်မှာ မန်ယူကို ပြောင်းရွှေ့ဖြစ်လိမ့်မယ်လို့ မန်ချက်စတာညနေခင်း သတင်းစာက ရေးသားခဲ့ပါတယ်။

သူဟာ နည်းပြမော်ရင်ဟိုနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးတွေ ရှိထားသလို အာဆင်နယ်- မန်ယူ ထိပ်တိုက်တွေ့ဆုံမှု အပြီးမှာ အိုဇေးရဲ့ ခြေစွမ်းအပေါ် မော်ရင်ဟိုက လူသိထင်ရှား ထုတ်ဖော်ချီးကျူး ထားမှုတွေလည်းရှိခဲ့ပါတယ်။

NN

Leave a Reply