ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ကိုယ့်ကိုယ်ကို သေနတ်ဖြင့် ပစ်သတ်သေဆုံး

0
58

ဇွန် ၁၂
နိုင်လင်းဦး

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးညွှန့်သန်းသည် ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းအချိန်က ကိုယ့်ကိုယ်ကို သေနတ်ဖြင့် ပစ်သတ်သေဆုံးခဲ့ကြောင်း သိရသည် ။

ရဲမှူး မျိုးညွှန့်သန်း သည် မည်သည့်အကြောင်းအရင်းကြောင့် သေဆုံးသည်ကို တိတိကျကျမသိရသေးသည့်အပြင် နာရေးကိစ္စနှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်မည်ဆိုတာကို မသိရသေးပေ ။

အောင်​သ​ပြေ​ကျေးရွာသား ဦးထွန်းမြင့်​ဝင်း အကျဉ်း​ထောင်​အတွင်း ဒဏ်ရာများနှင့် ​သေဆုံးသွားခဲ့သည့်​ဖြစ်​စဉ်​နှင့်​ပက်​သက်​၍ တိုင်းရဲတပ်​ဖွဲ့တာဝန်​ရှိသူများ၊ အကျဉ်း​ထောင်​တာဝန်​ရှိသူများအပါအဝင်​ ပုသိမ်​ကြီးမြို့နယ်​စခန်း၊ မြို့မစခန်း၊ ကြာနီကန်​ရဲကင်းစခန်းတို့မှ အရာရှိများ၊ တပ်​ဖွဲ့ဝင်​များကို စီအိုင်​ဒီရဲတပ်​ဖွဲ့က ယခုရက်​ပိုင်းအတွင်း စစ်​​ဆေးလျှက်​ရှိသည်​။

#TheFifthWave #ပုသိမ်ကြီးရဲတပ်ဖွဲ့မှူး #သေနတ်သတ်သေ

Leave a Reply