လက်စတာတိုက်စစ်မှူး ဗာဒီ ကို အံ့အားသင့်ဖွယ်ခေါ်ယူဦးမယ့် အဲဗာတန်

0
194

ဇန်န၀ါရီ ၁၈ ၊ ၂၀၁၈

အဲဗာတန်အသင်းဟာ လက်စတာအသင်းရဲ့ အင်္ဂလန်တိုက်စစ်မှူး ဂျေမီဗာဒီကို ခေါ်ယူနိုင်ဖို့အတွက် ချိတ်ဆက်မှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဗာဒီဟာ လက်ရှိမှာ လက်စတာအသင်းကနေ နောက်တဆင့်မြင့်တဲ့ ကလပ်အသင်းတစ်ခုဆီကို ပြောင်းနိုင်ဖို့ စိတ်ကူးထားပြီး အင်္ဂလန်က လောင်းကစားဒိုင်တွေကတော့ ဗာဒီရဲ့ အပြောင်းအရွှေ့အပေါ် လောင်းကြေးဖွင့်မှုတွေတောင် ရှိနေပါတယ်။

အဲဗာတန်နည်းပြ ဆမ်အလာဒွိုက်ဟာ ဇန်န၀ါရီအပြောင်းအရွှေ့မှာ ခြေလှမ်းသွက်သွက်ဖြင့် လှုပ်ရှားနေပြီး အာဆင်နယ်တိုက်စစ်မှူး သီအိုဝဲလ်ကော့ ကိုပေါင်သန်း ၂၀ ဖြင့်လည်းကောင်း ဆမ့်တူဆမ်ကို ပေါင် ၂၇သန်းဖြင့်လည်းကောင်း ခေါ်ယူထားပြီ ဖြစ်ပါတယ်။

အဲဗာတန်နည်းပြဟာ ယခင်က အင်္ဂလန် လက်ရွေးစင်အသင်းကို နည်းပြခဲ့သူဖြစ်ပြီး အဲဗာတန်အသင်းကို အင်္ဂလန် တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ရွန်းနီ ၊ ၀ဲလ်ကော့ ၊ ဗာဒီတို့ဖြင့် ပေါင်းစပ်ပြီး ပုံဖော်နိုင်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဂျေမီဗာဒီဟာ ယခင်က အာဆင်နယ်အသင်းကို ပြောင်းရွေ့မယ်လို့ သတင်းထွက်ခဲ့သူဖြစ်ပြီး အဲဗာတန်အသင်း အနေနဲ့ ဗာဒီရဲ့ အပြောင်းအရွှေ့အတွက် အာဆင်နယ်အသင်းရဲ့ ၀င်ရောက်လာမှု ကိုတော့ စိုးရိမ်ဖွယ်ရှိနေတယ်လို့ အင်္ဂလန် မီဒီယာတွေက ခန့်မှန်းနေကြပါတယ်။

NN

Leave a Reply