မန္တလေးတွင် သုံးဘီး​မောင်းသူအား သတ်​၍ ယာဉ်​နှင့်ပစ္စည်းများ လုယက်မှုဖြစ်

0
74

ဇွန်​ ၁၃

နိုင်လင်းဦး

မန္တ​လေးမြို့ အမရပူရမြို့နယ် နတ်ရေကန်ကျေးရွာအနီး ရွှေမုတ္ထောဘုရားနှင့် မန္တလာဒီဂရီကောလိပ်ကြား ရန်ကုန် – မန္တလေး လမ်းဟောင်းတွင် သုံးဘီး​မောင်းသူအား သတ်​၍ ယာဉ်​နှင့်ပစ္စည်းများ လုယက်မှုဖြစ်ခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ သုံးဘီးမောင်းသူ အောင်ဆန်းဦး (၃၁) နှစ် သည် ဇွန်လ ၁၁ ရက်နေ့ညပိုင်းက ခရီးသည်ပို့ရန်အတွက် ကျွဲဆည်ကန်ကားကွင်းမှ မြစ်ငယ်သို့ သွားရောက်ပို့ဆောင်ကြောင်း၊ မိန်းမဖြစ်သူအား စိတ်မပူစေဖို့အတွက် ပြောပေးရန် ၄င်း၏ အမေဖြစ်သူအား ဖုန်းဆက်ခဲ့ကြောင်း သိရသည် ။

ထို့နောက် ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းအထိ အောင်ဆန်းဦးမှာ ပြန်မရောက်သည့်အတွက်အတွက် ၄င်း၏ အစ်ကိုတစ်ဝမ်းကွဲတော်သူ ဝင်းဇော်ဦး (၃၈) နှစ် သည် လိုက်လံစုံစမ်းရာ ယာဉ်မတော်တဆမှုဖြင့် မန္တလေးဆေးရုံသို့ ရောက်ရှိနေကြောင်း သိခဲ့ရသည် ။

အခင်းဖြစ်ပွားစဉ်က သေဆုံးသူ အောင်ဆန်းဦး ၏ အနီးတွင် ၄င်းမောင်းသည့် သုံးဘီးယာဉ်နှင့် ၄င်း၏ ဖုန်းမှာ ပျောက်ဆုံးနေသည့်အပြင် ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးနေသည့်အတွက် လုယက်မှု ၊ လူသတ်မှုတို့ဖြင့် ရဲစခန်းကို တိုင်တန်းခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျူးလွန်သူများကို ဖော်ထုတ်ရန် မြစ်ငယ်ရဲစခန်းတွင် (ပ)၄၁၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၀၂ ဖြင့် အမှုဖွင့်ထားပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းမှုများပြုလုပ်နေကြောင်း သိရသည် ။

Leave a Reply