ကော်တင်ဟိုနေရာအတွက် ဂျိမ်းရိုဒရီကွက်ကို ခေါ်မယ့် လီဗာပူးလ်

0
198

ဇန်န၀ါရီ ၁၈ ၊ ၂၀၁၈

ကွင်းလယ်လူ ကော်တင်ဟိုကို အသင်းကနေ ရောင်းထုတ်ခဲ့ပြီးတဲ့နောက် အဆိုပါနေရာကို ပြန်ဖြည့်ဆည်းနိုင်ဖို့အတွက် လီဗာပူးလ်အသင်းဟာ ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်က ကွင်းလယ်လူ ဂျိမ်းရိုဒရီကွက်ကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

လီဗာပူးလ်အသင်းအနေနဲ့ ဂျိမ်းရိုဒရီကွက်ကို ခေါ်ယူနိုင်ဖို့ဆိုရင်တော့ ရီးရဲမက်ဒရစ်အသင်းနဲ့ ထိပ်တိုက်ဆွေးနွေးရမှာဖြစ်ပါတယ်။ ဂျိမ်းဟာ ရီးရဲမက်ဒရစ်ကနေ ဘိုင်ယန်မြူးနစ်ကို အငှားလာကစားတဲ့ ဘောလုံးသမား ဖြစ်ပါတယ်။ဘိုင်ယန်မြူးနစ်အသင်းဟာ ဂျိမ်းရိုဒရီကွက်ကို (၂)နှစ်အငှားစာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ပါတယ်။

ဂျိမ်းဟာ ဂျာမန်ဘွန်ဒက်လီဂါ ပြိုင်ပွဲမှာ ၁၃ ပွဲကစားထားပြီး သွင်းဂိုး (၃)ဂိုးသွင်းယူထားပါတယ်။ ဘိုင်ယန်မြူးနစ်အနေနဲ့ ဂျိမ်းရိုဒရီကွက် အသင်းပြောင်းသွားပါက အဆိုပါနေရာကို အစားထိုးဖို့အတွက် လီယွန် ဂိုရက်ဇကာ နဲ့ ဂျာအိုမော်တင်ဟိုတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ဂျိမ်းရိုဒရီကွက်ဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်မှာ ပြင်သစ်ကလပ် မိုနာကိုကနေ ရီးရဲမက်ဒရစ်ကို ပေါင် သန်း ၇၀နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်နည်းပြ ဂျာကင်ကလော့ဟာ ကော်တင်ဟိုကို ဘာစီလိုနာသို့ ပေါင် ၁၄၂ သန်းဖြင့် ရောင်းချခဲ့ပြီးတဲ့နောက်မှာ ဆောက်သမ်တန်နောက် ခံလူ ဗန်ဒွိုက်တစ်ဦးကိုသာ ပြန်လည်ခေါ်ယူထားပါတယ်။

NN

Leave a Reply