ဒေါ်အောင်ဆန်းစုကြည် အလိုမရှိကြောင်း မန္တလေးတွင် စာရွက်များဖြန့်ဝေ

0
18

ဇွန် ၁၄
နိုင်လင်းဦး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အပါအဝင် ဘုန်းကြီးကျောင်းတိုက်များတွင် ဒေါ်အောင်ဆန်းစုကြည် အလိုမရှိကြောင်း စာရွက်များဖြန့်ဝေမှုဖြစ်ပွားနေသည် ။

အဆိုပါဖြန့်ဝေသည့်စာတွင် “ဒေါ်အောင်ဆန်းစုကြည် အစိုးရသည် ဆရာတော်ဦးဝီရသူကို ထောင်ဒဏ်တစ်သက်တစ်ကျွန်းထိချနိုင်သော ပုဒ်မ – ၁၂၄ (က) ဖြင့် စွဲချက်တင်ထားပါသည်ဘုရား´´ ဟု အစချီ၍ ရေးသားထားထားသည်။

ထို့အပြင် “သာသနာဖျက် ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ဖြုတ်ချပစ်ဖို့ အချိန်ရောက်ရှိပါပြီ ဘုရား´´ စသည့် သံဃာတော်များကို လှုံ့စော်စာများ ကျောင်းတိုက်များတွင် ဖြန့်ဝေခြင်းဖြစ်သည် ။

ယင်းစာရွက်များကို ဖြန့်ဝေသည့် အဖွဲ့အစည်းသည် မည်သည့်အဖွဲ့စည်းဖြစ်ကြောင်း အတည်ပြုမရသေးသော်လည်း အများစုက အမျိုးသားရေးလှုပ်ရှားသူများဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုမှုများရှိသည် ။

Leave a Reply