၆၆ (ဃ) နဲ့ တရားစွဲခံရသည့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း အမှု ပယ်ဖျက်ပေးရန်လျှောက်ထား

0
53

ဇွန် ၁၇

နိုင်လင်းဦး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးတွင် ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) နဲ့ တရားစွဲခံရသည့် Myanmar Now သတင်းဋ္ဌာန က အယ်ဒီတာချုပ် ကိုဆွေဝင်း၏အမှုအား ပယ်ဖျက်ပေးရန် ဇွန်လ ၁၇ ရက်နေ့က လျှောက်ထားခဲ့သည် ။

အဆိုပါလျှောက်ထားမှုနှင့်ပတ်သက်၍ ဇွန်လ ၁၈ ရက်နေ့ရုံးချိန်းတွင် နှစ်ဖက်လျှောက်လဲချက်ကြားနာမည်ဖြစ်ပြီး အမှုမှ အဓိက တရားလို သက်သေဖြစ်သည့် ဆရာတော် ဦးဝီရသူကို တရားရုံးဆင့်ခေါ်မှု အကြိမ် (၂၀) ကျော်ရှိပြီဖြစ်သော်လည်း လာရောက်ထွက်ဆိုခြင်းမရှိသည့်အတွက် အမှုမှာ ကြံ့ကြာနေသည် ။

“ဦးဝီရသူကလည်းထွက်ပြေးနေတယ်။ ရဲအုပ်ကျော်သူကိုလည်း အဂတိကနေ တရားစွဲထားလို့ ထွက်ပြေးတိမ်းရှောင်နေတယ်။ ရဲအုပ်ကျော်သူကို ဆင့်စာကပြန်လာတယ်။ သူတို့ဆီမှာမရှိဘူးဆိုတဲ့ဟာ။ အဲဒါကို ကျွန်မတို့က ပြည်ထောင်စု တရားသူကြီးချုပ်က အမှုတွေမြန်ဆန်ပြီး မှန်မှန်ကန်ကန်စီရင်နိုင်ရေး ညွှန်ကြားချက်တစ်စောင်ထုတ်ထားတာရှိတယ်။ အဲဒါနဲ့ကျွန်မတို့က ရုံးတော်ကိုလျှောက်တယ်။ နောက်ပြီးကျင့်ထုံးနဲ့လည်း လျှောက်တယ်။ ဥပဒေအရာရှိက ဆင့်ဆိုထားတဲ့ ကျန်နေတဲ့သက်သေတွေနဲ့ စစ်ချင်ပါသေးတယ်လို့လျှောက်တယ်။ အဲဒါကြောင့် ရုံတော်က မနက်ဖြန်ကို လျှောက်လွဲချက်ကြားနာမယ်။´´ ဟု ကိုဆွေဝင်း၏ ရှေ့နေဖြစ်သူ ဒေါ်ရွက်နုအောင် က ပြောသည် ။

အမှုမှာ နှစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်ကာ တရားလိုပြသက်သေ (၇) ဦးသာ စစ်ဆေးရသေးပြီး မြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော်အနေမှာ အမှုတွင် သက်သေအဖြစ် မှ ပယ်ပေးရန်တင်ပြထားသည့်အတွက် တရားလိုပြသက်သေ (၃) ဦးစစ်ဆေးရန် ကျန်ရှိနေသေးသည် ။

ထို့အပြင် ဆရာတော်ဦးဝီရသူ အနေဖြင့်လည်း ပုဒ်မ ၁၂၄ (က) ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသောကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် အခြေအနေတွင်ရှိနေသည် ။

ဆရာတော်ဦးဝီရသူသည် ရှေ့နေဦးကိုနီ သတ်ခံရသည့် ကိစ္စနှင့်ပတ်သက်၍ သတ်သည့်သူအား ဘုရားအလောင်းဖြင့် နှိုင်းယှဉ်၍ ကျေးဇူးတင်ကြောင်း ရေးသားခဲ့သည် ။

ထိုသို့ရေးသားခဲ့သည့်အပေါ် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအနေဖြင့် ဦးဝီရသူသည် ပါရာဇိက ကျနေပြီဖြစ်ကြောင်း မန္တလေးမှ ဆရာတော်တစ်ပါး၏ ပြောစကားကို ကိုးကားရေးထားသည့် သတင်းအား ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် မျှဝေခဲ့သည် ။

ထို့အတွက်ကြောင့် မန္တလေးမစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးဝီရသူရဲ့ မိန့်ကြားချက်နဲ့ ဝံသာနုအားမာန်အဖွဲ့ (အထက်မြန်မာပြည်) မှ ဦးကျော်မျိုးရွှေ က Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မတ်လ (၇) ရက်နေ့ က ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)နဲ့အမှတ် (၇) နယ်မြေခံရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီး ကိုဆွေဝင်းကို ဇူလိုင်လ ၃၀ ရက်နေ့က လေဆိပ်မှာဖမ်းစီးခဲ့ကာ တရားရုံးက အာမခံဖြင့် အမှုရင်ဆိုင်စေခြင်းဖြစ်သည် ။

Leave a Reply