ရန်ကုန်ကျောင်းကားစနစ် ဇွန်လ ၁ ရက်နေ့ စတင်မည်

0
135

ရန်ကုန် ၊ ဇန်န၀ါရီ ၁၆ ၊ ၂၀၁၈

ယခုနှစ်ကျောင်းပြန်ဖွင့်မည် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ ရန်ကုန် ကျောင်းကားစနစ်ကို ကျောင်းကား ၂၀၀ ဖြင့် စတင်အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်ကွပ်ကဲရေးအဖွဲ့မှ သိရသည်။

အဆိုပါ ကျောင်းကားစနစ်တွင် ယာဉ် အစီးရေ ၂၀၀ ဖြင့် အ.ထ.က (၁) ဒဂုံ ၊အ.ထ.က (၂) ကမာရွတ် ၊ TTC နှင့် အခြားကျောင်းတစ် ကျောင်းတွင် စတင်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းသိရသည်။

” ကျောင်းကားတွေကိုဒီနှစ် ကျောင်းပြန်ဖွင့်တဲ့အချိန်မှာ စတင်ပြီးပြေးဆွဲ ပေးသွား မှာပါ။ ပုဂ္ဂလိက တစ်ဦးချင်းစီ အနေနဲ့တော့ မရောင်းပါဘူး။ ဒီနှစ်ဇွန်လ ၁ ရက်နေ့ကစပြီးတော့ ကျောင်းကားတွေ ကို စတင်ပြေးဆွဲပေးမှာပါ“ ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ ဆောင်ရေးအာဏာပိုင်အဖွဲ့ (YRTA)အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

လက်ရှိပြေးဆွဲနေသည့်ကျောင်းကားများတွင် လိုက်ထရပ် ကားများ၊ အနောက်ပွင့် ကားများသည် ကျောင်းသားများအတွက်လုံခြုံမှု အနည်းငယ် စိုးရိမ်နေရပြီး စည်းကမ်းလိုက်မာမှုမရှိခြင်းများကြောင်း ယခုနှစ် ကျောင်များပြန်လည်ဖွင့်လှစ်ချိန်တွင် ရန်ကုန်ကျောင်းကားစနစ်ကို စတင်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျောင်းကားများကိုစီးခြင်းအားဖြင့် သားသမီး ရောက်ရှိနေသည့် တည်နေရာကို မိဘများမှ ဖုန်း app မှတဆင့် ကြည့်နိုင်မည် ဖြစ်ပြီး ကိုယ်ပိုင်ယာဉ်ဖြင့် ကျောင်းပို့ ကျောင်းကြို ပြုလုပ်နေသူများအတွက် အဓိက ရည်ရွယ်ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လာမည့်နှစ်တွင် လိုက်ထရပ်ကားများကို ကျောင်းကားပြေးဆွဲ ပိုင်ခွင့် လုံးဝပေးတော့မည်မဟုတ်ပဲ ရန်ကုန်ကျောင်းကားများဖြင့် စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်းသိရသည်။

“ကျောင်းပြန်ဖွင့်တဲ့အချိန်မှာ သေချာတာကတော့ လိုက်ထရပ်ကို လုံးဝခွင့်မပြုတဲ့ အခါကျတော့ လိုက်ထရပ်သမားတွေက အလိုအလျောက် ပယ်ရမှာဖြစ်ပြီးတော့ School Bus ကစပြီးဝင်လာမှာဖြစ်တယ်။ တကယ့်ကျောင်းကြီး တွေကိုစမှာပါ” ဒေါက်တာမောင်အောင်ကပြောသည်။

ကျောင်ကားများကို ပြီးခဲ့သည့် နှစ်အတွင်းကပင် ပြေးဆွဲနိုင်ရန် စီစဉ် ခဲ့သော်လည်း ပူးပေါင်းဆောင်ရွက် သည့် ကုမ္ပဏီ၏ လုပ်ဆောင် ချက်များကြန့်ကြာနေခြင်းကြောင့် အနည်းငယ်ကျသွားခြင်းဖြစ်ကြောင်း သိရသည်။

နောက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကျောင်းများတွင် ရန်ကုန်ကျောင်းကား စနစ်ကိုအကောင်အထည် ဖော်သွားမည်ဖြစ်ပြီး လက်ရှိပြေးဆွဲလျှက် ရှိသည့်ကျောင်းကားများတွင် တစ်လလျှင် ကျပ် နှစ်သောင်း မှ ကျပ် သုံးသောင်း ၀န်းကျင်အထိပေးနေရကြောင်း ကျောင်းကားဖြင့် ကျောင်းတက်နေသည့် ကျောင်းသားများ၏ မိဘများထံမှသိရသည်။

ဖြိုးဖြိုး

Leave a Reply