ကမ္ဘာ့ဖလားအိပ်မက်ကြောင့် လီဗာပူးလ်ကို စွန့်ခွာမယ့် ဆီမွန် မီနိုလတ်

0
154

ဇန်န၀ါရီ ၁၆ ၊ ၂၀၁၈

လီဗာပူးလ်အသင်းရဲ့ ဂိုးသမား မီနိုလတ်ဟာ ယခုလမှာ ကမ္ဘာ့ဖလား အိပ်မက်အတွက် အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား ဖြစ်သော မီနိုလတ်ဟာ ၂၀၁၃ ခုနှစ်မှာ ဆန်းဒါးလန်း အသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၉ သန်းနဲ့ ကြိုးကြာနီတွေဆီကို ရောက်ရှိလာခဲ့တာပါ။သို့သော်လည်း သူဟာ လီဗာပူးလ်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် မကြာခဏ ဆုံးရှုံးနေခဲ့သူ ဖြစ်ပါတယ်။ သူဟာ အသက် ၂၄ နှစ်အရွယ် လီဗာပူးလ် ဂိုးသမား လိုရစ်ကားရီးရက်စ် နောက်မှာသာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးလ် ၄ – ၃ မန်စီးတီး ပွဲစဉ်မှာတော့ မီနိုလတ်ဟာ လီဗာပူးလ် အတွက် ပါဝင်ကစားပေးခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံ အသင်းနဲ့အတူ ပွဲထွက်ခွင့် ရနိုင်ဖို့အတွက် ကလပ်အသင်းရဲ့ ပွဲစဉ်တွေကို ပုံမှန်ပွဲထွက်ခွင့် ရနိုင်ဖို့ လိုအပ်နေပါတယ်။ ဘယ်လ်ဂျီယံ အသင်းရဲ့ နည်းပြဖြစ်တဲ့ မာတီနက်ဇ်ဟာ လီဗာပူးလ်နဲ့ မန်စီးတီးတို့ရဲ့ ပွဲစဉ်ကို ကြည့်ရှု့ခဲ့ပြီး မီနိုလတ်ရဲ့ စွမ်းဆောင်ရည်တွေကို မက်ဆေ့ပို့၍ ချီးကျူးသွားခဲ့ပါတယ်။

သူဟာ လီဗာပူးလ်အသင်းရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာရော ပြိုင်ပွဲကစားတဲ့ အချိန်တွေမှာပါ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့်လည်း လီဗာပူးလ်နည်းပြ ဂျာကင်ကလော့နဲ့ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်တို့ရဲ့ ဦးစားပေး ဂိုးသမား ဖြစ်မလာခဲ့ပါဘူး။

ဒါကြောင့် ပုံမှန်ပွဲထွက်ခွင့် များများရရှိနိုင်မယ့် အသင်းသစ်တစ်သင်းကို ယခုနှစ် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ ပြောင်းရွှေ့နိုင်ဖို့ စီစဉ်နေခြင်း ဖြစ်ပါတယ်။

NN

Leave a Reply