အမေရိကန်မောင်းသူမဲ့ကင်းထောက်လေယာဉ်တစ်စင်းကိုပစ်ချခဲ့တယ်လို့ အီရန်တော်လှန်ရေးသက်တော်စောင့်တပ်ဖွဲ့ထုတ်ပြော

0
193
ဇွန် ၂၀
နိုင်ငံတကာသတင်း
အမေရိကန်စစ်တပ်ရဲ့RQ-4 Global Hawkမောင်းသူမဲ့ကင်းထောက်လေယာဉ်တစ်စင်းကို ပစ်ချလိုက်တယ်လို့ အီရန်တော်လှန်ရေးသက်တော်စောင့်တပ်ဖွဲ့က ကြာသပတေးနေ့မှာပြောပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်က အိုမန်ပင်လယ်ကွေ့မှာ ရေနံတင်သင်္ဘောနှစ်စင်းကို တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်အပေါ် တုံ့ပြန်ခဲ့တဲ့မောင်းသူမဲ့လေယာဉ်တစ်စင်းကို အီရန်က ပစ်ချခဲ့တယ်လို့ စွပ်စွဲခဲ့ပြီးတဲ့နောက် အခုမောင်းသူမဲ့လေယာဉ်ကို ပစ်ချခဲ့တယ်လို့ အီရန်က ထုတ်ပြောတာပါ။
ရေနံတင်သင်္ဘောတွေကိုတိုက်ခိုက်တာကလည်း အီရန်ရဲ့လက်ချက်ဖြစ်တယ်လို့ အမေရိကန်ကစွပ်စွဲထားပြီး အီရန်ကတော့ သူတို့လုပ်ရပ်မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ဟော်မုဇ်ပင်လယ်ကွေ့နဲ့နီးတဲ့အီရန်ပိုင်နက်ထဲကို ဝင်လာတဲ့မောင်းသူမဲ့လေယာဉ်ကိုပစ်ချခဲ့တယ်လို့ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကိုပဲ အစီရင်ခံရတဲ့ အီရန်တော်လှန်ရေးသက်တော်စောင့်တပ်ဖွဲ့က ပြောပါတယ်။
ပစ်ချခံရတဲ့လေယာဉ်ဟာ RQ-4 Global Hawkမောင်းသူမဲ့ကင်းထောက်လေယာဉ်လို့ အဲဒီတပ်ဖွဲ့ကိုကိုးကားပြီး အီရန်အစိုးရပိုင်IRNAသတင်းအေဂျင်စီကဖော်ပြပါတယ်။
အမေရိကန်မောင်းသူမဲ့လေယာဉ်ပစ်ချခံခဲ့ရသလားဆိုတာ အမေရိကန်ဗဟိုကွပ်ကဲရေးရုံးပြောခွင့်ရသူ ဗိုလ်ကြီး ဘေလ် အာဘန်က မှတ်ချက်မပြုပေမဲ့ အီရန်င်ပိုင်နက်နားမှာ အမေရိကန်မောင်းသူမဲ့လေယာဉ်တွေမရှိဘူးလို့တော့ အတည်ပြုပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အမေရိကန်က အရှေ့အလယ်ပိုင်းဒေသကို လေယာဉ်တင်သင်္ဘောတစ်စင်းနဲ့ ထောင်ချီရှိနေပြီသားတပ်ဖွဲ့ဝင်တွေကို အင်အားဖြည့်ဖို့ နောက်ထပ်တပ်ဖွဲ့ဝင်တွေထပ်ပြီး ဖြန့်ကျက်နေရာချထားခဲ့ပါတယ်။
Source-AP
#ဥက္ကာ
#TheFifthWaveNews
Photo-Military.com

Leave a Reply