ဒေါ်အောင်ဆန်းစုကြည် ငယ်ဘဝကို ပန်းပုဖြင့် ပုံဖော်နေသူ လူငယ်တစ်ဦး

0
188

အသက်(၂၅)နှစ်အရွယ် ကိုဖိုးဝလုံးသည် ဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ ငယ်ဘဝ ပုံတူကို ပန်းပုထုလုပ်နေသူ တစ်ဦးဖြစ်သည်။

သူသည် အမျိုးသား ယဉ်ကျေးမှု တက္ကသိုလ် ပန်းပုဌာနတွင် နောက်ဆုံးနှစ် တက်ရောက်သင်ကြားနေသူ တစ်ဦးလည်း ဖြစ်သည်။

သူသည် အဆိုပါ ပန်းပုရုပ်ကို သူ၏ Phoe Wa Lone Facebook အကောင့်တွင် Post တင်ကာ သူ၏ သူငယ်ချင်းများကို မဲဖောက်ပေးသွားမည်ဖြစ်သည်။

ယခင်ကလည်း ဒေါ်အောင်းဆန်စုကြည်၏ (၇၃)နှစ်မြောက်မွေးနေ့တွင်လည်း ပုံတူ တခြမ်းဖောင်း ပန်းပု (၇၃)ခုထုလုပ်ကာ မဲဖောက်ပေးခဲ့သေးသည်။

ဒေါ်အောင်ဆန်းစုကြည် ဘယ်လောက် အသက်ကြီးပါစေ သူ၏ စိတ်ထဲတွင် အမြဲနုပျို သည်လို့ ခံစားနေရသည့်အတွက် အခုလို ငယ်ဘဝ ရုပ်ပုံကို ထုလုပ်သည်ဟုလည်း သူက ဆိုသည်။

နောက်လာမည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့များတွင်လည်း သူတတ်ကျွမ်းသည့် အနုပညာများဖြင့် ဆက်လက်ပုံဖော်သွားပါအုံးမည် ဟု သူကဆက်ပြောသည်။

Photo : Kaung Zaw Hein / MPA

Leave a Reply