စာချုပ်ဖျက်သိမ်းကြေး ပေါင် ၉၇သန်းကျော် အသုံးပြုပြီး အင်တာမီလန် တိုက်စစ်မှူးကို ရီရဲမက်ဒရစ်မှ ခေါ်ယူမည်ဟု ဆို

0
186

ဇန်န၀ါရီ ၁၆ ၊ ၂၀၁၈

အီတလီအခြေစိုက် သတင်းဌာနများရဲ့ ဖော်ပြချက်အရ ရီးရဲမက်ဒရစ်အသင်းဟာ အင်တာမီလန် အသင်းရဲ့ တိုက်စစ်မှူး အိုက်ကာဒီကို စာချုပ်ဖျက်သိမ်းကြေး ပေါင် ၉၇ ဒသမ ၈ သန်း ပေး၍ ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ကွင်းတွင်းကွင်းပြင် အခြေအနေများအရ ပြိုင်ဘက် ဘာစီလိုနာအသင်းရဲ့ နောက်ကောက်ချမှုကို ဆက်တိုက်ခံထားရပါတယ်။ ရီးရဲမက်ဒရစ် ဥက္ကဋ္ဌ ပီးရက်ဇ်အနေနဲ့ အသင်းကို ကြယ်စင်စု ကစားသမားများနဲ့သာ စုဖွဲ့ချင်တဲ့အတွက် အိုက်ကာဒီကို ခေါ်ယူဖို့ စီစဉ်လာခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ယခုနှစ် ဇန်န၀ါရီအပြောင်းအရွှေ့ဈေးကွက်မှာ နာမည်ကြီး ဘောလုံးသမားများ ဖြစ်ကြသော စပါးတိုက်စစ်မှူး ဟာရီကိန်း ၊ PSG တိုက်စစ်မှူး နေမာ ၊ ဂျူဗင်တပ် တိုက်စစ်မှူး ဒိုင်ဘာလာတို့ကို ခေါ်ယူမယ်ဆိုပြီး မကြာခဏ သတင်းတွေ ထွက်ပေါ်နေတဲ့ အသင်း ဖြစ်ပါတယ်။

အင်တာမီလန်တိုက်စစ်မှူး အိုက်ကာဒီဟာ အီတလီစီးရီးအေမှာ အင်တာနဲ့အတူ ခြေစွမ်းပြ ကစားနေတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာ နာမည်ကြီးလာတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အနေနဲ့ ဟာရီကိန်း ၊နေမာ နှင့် ဒိုင်ဘာလာတို့ကို ခေါ်ယူဖို့ ပယ်ချခံရတဲ့အတွက် အသက် ၂၃ နှစ်အရွယ် အိုက်ကာဒီကို ခေါ်ယူဖို့ ကြိုးစားလာခြင်း ဖြစ်ပါတယ်။

NN

Leave a Reply