သိမ်းဆည်းခံမြေများ တစ်လအတွင်း ပြန်လည်မစွန့်လွှတ်ပါက ဝင်ရောက်ထွန်ယက်စိုက်ပျိုးမည်

0
193

မန္တလေး၊ ဇန်နဝါရီ ၁၇၊ ၂၀၁၈

မန္တ​လေးမြို့ပုသိမ်ကြီးမြို့နယ်​ ​ရေကြည်​​ညောင်ပင်​​ကျေးရွာနှင့်​ ​ရွေးစု​ကျေးရွာ ရှိ သိမ်းဆည်းခံမြေများထဲမှဧက ၁၀၀ ကို တစ်လအတွင်း ပြန်လည် မစွန့်လွှတ်ပါက ဝင်ရောက်ထွန်ယက်စိုက်ပျိုးမည်ဖြစ်ကြောင်း တောင်သူများထံက သိရသည်။

တောင်သူ ၂၈ ဦးပိုင်​ မြေဧက ၁၇၃ ဧက ​ကျော်​အား​ ၁၉၉၇ ခုနှစ်​က ဗဟိုမီးသတ်​သင်​တန်း​ကျောင်းဖွင့်​ရန်​ သိမ်းဆည်းခဲ့ပြီး ​လျော်​​ကြေးတစ်​စုံတစ်​ရာ ​​ပေးခြင်းမရှိ​ပဲသိမ်းယူခဲ့ခြင်း ဖြစ်ကာ ယခုအခါ မီးသတ် သင်တန်းကျောင်း မဟုတ်ပဲ စစ်မှုထမ်းဟောင်းအဖွဲ့များ နေထိုင်လျှက် ရှိသည်။

“ကျွန်တော်တို့ ဒီမြေမှာ ပြန်လုပ်စားချင်တယ် ။ ကျွန်တော်တို့ မြေကို လုပ်မစားရတာ အနှစ် ၂၀ ကျော်နေပြီ တောင်သူ လယ်လုပ်မစားလို့ ဘာလုပ်စားရမှာလဲ ။ လယ်ဆည်ဝန်ကြီး ကလည်း လုပ်ပေးမယ်ပြောပြီး ခုထိ ဘာမှ လုပ်မပေးဘူး ။လယ်ဆည်ဝန်ကြီးကတော့ ပြောတယ် သိမ်းဆည်းထားတဲ့မြေ ထဲက ဧက ၁၀၀ ကို ပြန်ပေးမယ်တဲ့ ။ဒါပေမယ့် အပြောပဲရှိတယ် ။ ကျွန်တော်တို့မှာ ဘာမှ လုပ်ကိုင်စားစရာမရှိဘူး ။´´ ဟု မြေသိမ်းခံတောင်သူ ဦးခင်ဦး က ပြောသည် ။

ယင်းမြေများပြန်လည်ရရှိရန် ၂၀၁၅ ခုနှစ် အောက်တိုလ ၁၉ ရက်နေ့က ဒေသခံတောင်သူ ၄၀၀ ခန့်ဖြင့် ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သည့်အတွက် တစ်သီးလုပ်စားခွင့်ရရှိခဲ့ကြောင်း သိရသည် ။ ထိုသို့ ထွန်တုံးတိုက်ပွဲ ပြုလုပ်ခဲ့သည့်အတွက် တောင်သူအချို့မှာ တရားစွဲဆို ထောင်ချခံခဲ့ရသည်။

“အနှစ် ၂၀ ကျော်မှ တစ်သီးလုပ်စားခွင့်ရတယ် ။ နောက်ပြီး ကျွန်မတို့ကို လုပ်စားခွင့်မပေးပဲ ရဲတွေအစောင့်ချထားတယ် ။ ကျွန်မမြေသိမ်းခံရပြီး နောက်ပိုင်း ကျွန်မ သား သမီးတွေဆို လေးတန်းအောင် အောင် တစ်ယောက်မှ ကျောင်းမထားဖူးဘူး ။ လက်လုပ်လက်စား ကြုံရာ လုပ်နေစားနေရတယ်” ဟု မြေ ၁၅ ဧက သိမ်းဆည်းခံခဲ့ရသည့် တောင်သူ
ဒေါ်ဘုတ်ဆုံ က ပြောသည်။

ထို့အပြင်​ ​တောင်​သူများအား ​အသုံးပြု​တော့ခြင်းမရှိ​တော့သည့်​ ​မြေအား ပြန်​လည်​ စွန့်​လွှတ်​​ပေးခြင်းမရှိ​ပဲ ပြင်​ပစီးပွား​ရေးလုပ်​ငန်းရှင်​များအား အငှားချထား​မှုများလည်းရှိကြောင်း ​ဒေသခံ​တောင်​သူများထံက ​သိရသည် ။ ယင်းသိမ်းဆည်​ခံ​မြေများ ပြန်​ရ​ရေးအတွက်​ နိုင်​ငံ​တော်​ သမ္မတ အပါအဝင်​ ဌာနဆိုင်​ရာများအား စာတင်​ပြ ​တောင်းဆိုမှုများ ရှိသော်​လည်း သက်ဆိုင်ရာ က လာ​ရောက်​​ဖြေရှင်း​ပေးခြင်းမရှိ​ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေ ၃၄၈၁၇ဒသမ ၈၅၆ ဧက ကို တောင်သူများ လက်ဝယ်ပြန်ပေးပြီးဖြစ်ကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply