အဆောက်အအုံပြိုကျလို့ တရုတ်နိုင်ငံသား ၅ ယောက်အပါအဝင် လူ ၇ ယောက်ကို ကမ္ဘောဒီးယားတရားစွဲ

0
109

ဇွန် ၂၅
နိုင်ငံတကာသတင်း

စနေနေ့က ကမ္ဘောဒီးယားနိုင်ငံက ဆောက်လက်စအဆောက်အအုံတစ်ခုပြိုကျခဲ့လို့ လူ ၂၈ ယောက်သေဆုံးခဲ့ပြီးတဲ့နောက် အဆောက်အအုံပိုင်ရှင်ပါဝင်တဲ့တရုတ်နိုင်ငံသား ၅ ယောက်အပါအဝင် လူ ၇ ယောက်ကို ကမ္ဘောဒီးယားတရားရုံးတစ်ရုံးက လူသတ်မှု၊ ပူးပေါင်းကြံစည်မှုတွေနဲ့ တရားစွဲလိုက်ပါတယ်။

အဆောက်အအုံပိုင်ရှင် ချန်ကွန်းနဲ့ဆောက်လုပ်ရေးကြီးကြပ်သူ ဒန်ရှင်းဂွီတို့ကို လူသတ်မှု၊ ရည်ရွယ်မထားတဲ့ထိခိုက်ဒဏ်ရာနဲ့အပျက်အစီးတွေဖြစ်စေမှုတိုနဲ့ ပရိခ်ျဆီဟန်နော့ပြည်နယ်တရားရုံးကသိရပါတယ်။

နောက်ထပ်တရုတ်လူမျိုး ၃ ယောက်၊ ဗီယက်နမ်နိုင်ငံသားတစ်ယောက်နဲ့ ကမ္ဘောဒီးယားနိုင်ငံသားတစ်ယောက်တို့ကို ပူးပေါင်းကြံစည်မှုနဲ့တရားစွဲဆိုထားတာပါ။

တရုတ်လူမျိုးပိုင်အဆောက်အအုံပြိုကျလို့ လူ ၂၆ ယောက်လည်းဒဏ်ရာရခဲ့တာကြောင့် အရေးပေါ်ကယ်ဆယ်ရေးထိပ်တန်းအရာရှိတစ်ယောက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟန်ဆန်က ရာထူးကနေထုတ်ပယ်ခဲ့ပါတယ်။

သံမဏိနဲ့ကွန်ကရစ်ပေါင်းပြီးဆောက်ထားတဲ့ခုနှစ်ထပ်အဆောက်အအုံက တစုံတရာမသိရဘဲပြိုကျသွားပြီး ဆောက်လုပ်ရေးလုပ်သားတွေပိတ်မိခဲ့ရတဲ့အကြောင်းရင်းကို စစ်ဆေးနေကြပါတယ်။

တနင်္လာနေ့မှာ နောက်ဆုံးအသက်ရှင်ကျန်သူနှစ်ယောက်ကို အပျက်အစီးတွေအောက်ကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။

အခုဖြစ်ရပ်ကြောင့် ကမ္ဘောဒီးယားနိုင်ငံမှာလည်ပတ်နေတဲ့တရုတ်စီးပွားရေးလုပ်ငန်းတွေဟာ လုံလောက်တဲ့သေသေချာချာစစ်ဆေးမှုမျိုးမရှိဘဲ ခွင့်ပြုထားတယ်ဆိုတဲ့ဝေဖန်မှုတွေရှိနေပါတယ်။

ဆီဟန်နော့ဗီးမြို့ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့အကြီးဆုံးဆိပ်ကမ်းမြို့နဲ့ တရုတ်နိုင်ငံရဲ့ခေတ်သစ်ပိုးလမ်းမကြီးနှင့်ရေကြောင်းပတ်လမ်းစီမံကိန်းနဲ့ချိတ်ဆက်နေတဲ့တရုတ်အထူးစီးပွားရေးဇုန်ရှိတဲ့မြို့ဖြစ်ပါတယ်။

ဆီဟန်နော့ဗီးမြို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကာဆီနို၊ မြေယာနဲ့ ကမ္ဘာလှည့်ခရီးသည့်ကဏ္ဍတွေမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေထိုးတက်လာပါတယ်။

Source-Reuters
#ဥက္ကာ
#TheFifthWaveNews
Photo-South China Morning Post

Leave a Reply