၅၀၅ (ခ) တရားစွဲခံရသည့် ​အောင်​သ​ပြေရွာမှ ရာအိမ်​မှူးအားရုံးထုတ်၊ တရားလိုအား စစ်ဆေး

0
254

ဇွန် ၂၇

နိုင်လင်းဦး

နိုင်ငံတော်အကြည်ညိုပျက်စေမှု နှင့် တရားစွဲဆိုခံထားရသည့် မန္တလေးခရိုင် ​ပုသိမ်ကြီးမြို့နယ် အောင်​သ​ပြေ​ကျေးရွာမှ ရာအိမ်​မှူး ဦးမိုးလင်းအား ဇွန်လ ၂၇ ရက်နေ့က ရုံးထုတ်ခဲ့ပြီး တရားလိုအား စစ်ဆေးခဲ့သည် ။

အောင်​သ​ပြေ​ကျေးရွာ ရွာအဝင်လမ်းတွင် မေလ ၁၅ ရက်နေ့ကဖြစ်ပွားခဲ့သည့် ရဲတပ်ဖွဲ့နှင့် ဒေသခံတို့ ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက်၍ ပုသိမ်​ကြီးမြို့နယ်​ ရဲတပ်​ဖွဲ့က ရာအိမ်​မှူး ဦးမိုးလင်းအား ​တွေ့ဆုံညှိနှိုင်းလို​ကြောင်း အ​ကြောင်းကြားခဲ့သည့်​အတွက်​ သွား​ရောက်​စဉ်​ ဖမ်းဆီးထိန်းသိမ်းလိုက်​​ခြင်း ဖြစ်ကြောင်း သိရသည် ။

“ဒီနေ့ထွက်ဆိုတဲ့ အရာတွေက မဟုတ်မှန်ပါဘူး။ ဟန်းစပီကာနဲ့ ဟောပြောတာမရှိပါဘူး ။ ကျွန်တော့ကို အမြင်ကပ်တဲ့အတွက် ကျွန်တော့ကို သက်သက်ကို တရားစွဲဆိုတာပါ ။ အာမခံမရတဲ့ပုဒ်မနဲ့ ” ဟု အောင်သပြေကျေးရွာ မှ ရာအိမ်​မှူး ဦးမိုးလင်း က ​ပြောသည်​။

ရုံးချိန်းတွင် တရားလိုဖြစ်သူ ပုသိမ်ကြီးမြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မင်း က သက်သေခံအဖြစ် စီဒီချပ်ကို တင်ပြခဲ့ပြီ ဇူလိုင်လ (၅) ရက်နေ့တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်းပေးခဲ့ကြောင်း သိရသည် ။

မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ကျောက်မီးသွေးစွမ်းအင်သုံးဘိလပ်မြေစက်ရုံ တည်ဆောက်နေမှုအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှု ၊ လေထုညစ်ညမ်းမှု စသည်တို့ကြောင့် ဒေသခံများအနေဖြင့် ကန့်ကွက်လျှက်ရှိပြီး စီမံကိန်းအား ရပ်ဆိုင်းရေး၊ အောင်သပြေကျေးရွာဒေသခံမျာအား စွဲဆိုထားသည့်အမှုများ ဖြေလျော့ရေး ၊ ညှိနှိုင်းစဉ်ကာလ စီမံကိန်း ရပ်ဆိုင်းရေး စသည့် အချက် (၃) ချက်အား တောင်းဆိုထားသည် ။

Leave a Reply