NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်း ကျန်းမာရေးအခြေအနေ မစိုးရိမ်ရ

0
42

ဇွန် ၂၇

ကျော်သူမြင့်

အစာအိမ်ဝေဒနာ ခံစားခဲ့ရသည့် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်၊ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်း၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ်ရာမရှိတော့ဟု ပါတီဗဟို ပြန်ကြားရေးကော်မ တီအဖွဲ့ဝင် ဦးကျော်အေးနိုင်က ပြောသည်။

“ခရီးက ဆက်သွားတယ်။ ဆေးသောက်တာလဲ နည်းနည်းမှားသွားတာ အစာအိမ်ထိတာပေါ့။ အခု ဆရာဝန်ကြီးတွေက မှန်ပြောင်းတွေဘာတွေနဲ့ ကြည့်ပြီးတော့ စိုးရိမ်ရတဲ့ အခြေအနေတော့မရှိ တော့ဘူး။ ရန်ကုန်ဆေးရုံကြီး နှလုံးအထူးကုသဆောင်မှာ အနားယူခိုင်းထားတယ်။ နှလုံးရောဂါ အခြေအနေတော့ မဟုတ်ပါဘူး”ဟု ဦးကျော်အေးနိုင်က ပြောသည်။

မော်လမြိုင်ခရီးစဉ်အတွင်း သွေးဝမ်းသွားသည့် ဝေဒနာကို ခံစားခဲ့ရသည့်အတွက် ကုသမှုခံယူခဲ့ ရခြင်းဖြစ်ပြီး စိုးရိမ်ဖွယ်အခြေအနေမဟုတ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ပြောသည်။

ဦးဥာဏ်ဝင်းသည် အာဏာရပါတီ NLD ၏ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်ပြီး ပါတီဥပဒေရေးရာ အကြံ ပေးတစ်ဦးဖြစ်သည်။

Leave a Reply