တောင်-မြောက်ကိုရီးယားစစ်မဲ့ဇုန်မှာ ကင်ဂျုံအွန်နဲ့လက်ဆွဲနှုတ်ဆက်ချင်တယ်လို့ ဒေါ်နယ်ထရမ့်ဖိတ်ကြား

0
82

ဇွန် ၂၉
နိုင်ငံတကာသတင်း

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ကို တောင်နဲ့မြောက်ကိုရီးယားနှစ်နိုင်ငံနယ်စပ်မျဉ်းရှိတဲ့စစ်မဲ့ဇုန်မှာ တွေ့ဆုံချင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က ဒီနေ့မှာပြောပါတယ်။

မနက်ဖြန်မှာ တောင်ကိုရီးယားနိုင်ငံတရားဝင်ခရီးစဉ်စတင်ဖို့ ဒီနေ့မှာဆိုးလ်ကိုရောက်နေတဲ့ထရမ့်က သူ့ခရီးစဉ်မှာ ကင်နဲ့စစ်မဲ့ဇုန်မှာတွေ့ဆုံလက်ဆွဲနှုတ်ဆက်ချင်တယ်လို့ တွစ်တာမှာရေးခဲ့ပါတယ်။

အဲဒီဖိတ်ကြားချက်ဟာ တော်တော်စိတ်ဝင်စားစရာကောင်းတဲ့အကြံပြုချက်လို့ မြောက်ကိုရီးယားဘက်က တုံ့ပြန်ထားပါတယ်။

ထရမ့်ရဲ့အခုခရီးစဉ်ဟာ တစ်ဆို့နေတဲ့မြောက်ကိုရီးယားနျူကလီးယားဖျက်သိမ်းရေးဆွေးနွေးမှုတွေအတွက် ဆွေးနွေးဖို့ဖြစ်ပါတယ်။

တကယ်လို့ အခုခရီးစဉ်မှာ ထရမ့်နဲ့ကင်တွေ့ဆုံဖြစ်ခဲ့ရင် ပြီးခဲ့တဲ့ ၁၃ လအတွင်း သူတို့နှစ်ယောက်ရဲ့တတိယအကြိမ်တွေ့ဆုံမှုဖြစ်လာမှာဖြစ်ပြီး ပြီးခဲ့တဲ့ဖေဖော်ဝါရီက ဗီယက်နမ်နိုင်ငံမြို့တော်ဟနွိုင်းမှာကျင်းပခဲ့တဲ့ မအောင်မြင်တဲ့ဒုတိယအကြိမ်အစည်းအဝေးအပြီး ပထမဆုံးအကြိမ်တွေ့ဆုံမှာပါ။

တကယ်တွေ့ဆုံမလားဆိုတာ တောင်ကိုရီးယားအစိုးရဘက်ကလည်း အတည်မပြုသေးပေမဲ့ ထရမ့်ရဲ့ခရီးစဉ်မှာ စစ်မဲ့ဇုန်ုကိုသွားဖို့ရှိတယ်လို့ ပြီးခဲ့တဲ့တစ်ပတ်တုန်းက တောင်ကိုရီးယားအရာရှိကြီးတစ်ယောက်ကပြောခဲ့ဖူးလို့ အခုတွေ့ဆုံမှုဖြစ်လာနိုင်ချေရှိနေပါတယ်။

ဟနွိုင်းအစည်းအဝေးမှာ မြောက်ကိုရီးယားက နျူကလီးယားဖျက်သိမ်းပေးမယ်ဆိုရင် ပိတ်ဆို့မှုတွေရုတ်သိမ်းပေးမလားဆိုတဲ့အချက်ကနေ သဘောထားကွဲလွဲလို့ အစည်းအဝေးပျက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ထရမ့်နဲ့ကင်ကြား အပြုသဘောဆောင်တဲ့အပြန်အလှန်ပုဂ္ဂိုလ်ရေးပေးစာတွေရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့တွေ့ဆုံမှုနှစ်ခုစလုံးကို ကြားဝင်စေ့စပ်ပေးခဲ့တဲ့တောင်ကိုရီးယားသမ္မတမွန်းဂျေအင်းကလည်း သူ့သမ္မတလက်ထက်မှာ မြောက်ကိုရီးယားအရေးကို ဦးစားပေးဖြေရှင်းမယ်လို့ ကတိပြုထားပါတယ်။

Source-BBC
#ဥက္ကာ
#TheFifthWaveNews
Photo-The White House

Leave a Reply