တရားစွဲထားသော်လည်း “ဦးရွှေမန်းနှင့် မျက်နှာချင်းဆိုင် မေးခွင့်ရမည့် အခွင့်အရေးကြောင့် ပျော်သည်” ဟု ဦးလှဆွေ ဆို

0
89

ဇူလိုင် ၂
ယဉ်ကေနွယ်

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ဦးဘိုဘိုကျော်ငြိမ်းနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှဆွေတို့ကို ဦးရွှေမန်း၏ ယာဉ်မောင်း တစ်ဦးဖြစ်သူ မှ ဥတ္တရသီရိမြို့နယ် ပတ္တာ နယ်မြေရဲစခန်းတွင် နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် ဧပြီလ ၃၀ ရက်နေ့က အမှုလာရောက်ဖွင့်ထားကြောင်း စခန်းမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

” အမှုဖွင့်ထားတယ်ဆိုတာ မှန်ပါတယ် လွန်ခဲ့တဲ့ ၂ လ ကျော်လောက်ရှိပြီ ဗျ ။ တိုင်ကြားလာတော့လည်း တိုင်ကြားမှုနဲ့ပတ်သက်ပြီးတော့ လုပ်ထုံးလုပ်နည်းတွေနဲ့ အမှုစစ်ရဲတွေကတော့ စစ်ဆေးနေပါတယ်” ဟု စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ အမှုဖွင့်ထားသည့်အတွက် ပတ္တာနယ်မြေစခန်းမှ စခန်းမှူးအပါအဝင် ရဲအရာရှိ ၄ ဦးမှ ၃၀ ရက်နေ့က ပဏမ စစ်ဆေးချက် လာယူသွားကြောင်း ဦးလှဆွေကပြောသည်။

” လူထုမီဒီယာနဲ့တွေ့ဆုံခြင်းမှာပါတဲ့ဟာတွေပေါ့နော်။အဲ့ဒါတွေက သူ့ကိုထိခိုက်တယ်။ အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ငြိမ်ဝပ်ပိပြားရေးကိုလည်းထိခိုက်စေတယ်လို့ဆိုတယ်ဗျ” ဟု ဦးလှဆွေက ပြောသည်။

ထို့ပြင် အစိုးရနှင့်ဦးရွှေမန်းသည် တစ်ဖွဲ့တည်းဆိုတာသည် စဉ်းစားစရာ ဖြစ်နေကြောင်း ယင်းကိစ္စနှင့်ပတ်သက်ပြီး အမှုဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ဦးလှဆွေ ကပြောသည်။

” ဒါပေမယ့် အမှုရုံးချိန်းရောက်တဲ့အခါ တရားရုံး ရောက်ရင် ကျွန်တော်က ဦးရွှေမန်း ခင်ဗျား ကျွန်တော် ဒီလိုဒီလိုပြောတယ်။ ခင်ဗျားမဟုတ်ဘူးလားဆိုပြီးတော့ အဲ့လိုမျက်နှာချင်းဆိုင်မေးရမှာဆိုတော့ ကျွန်တော် ပျော်တယ်ဗျ” ဟု ၎င်း က ပြောသည်။

ထိုသို့ အမှုလာရောက်ဖွင့်လှစ်သည့်ကိစ္စ ကို သူရဦးရွှေမန်းအနေဖြင့် သိရှိခြင်းမရှိသေးကြောင်း လည်း ၎င်း ၏ နီးစပ်သူ တစ်ဦးကပြောသည်။

Leave a Reply