RCSSတပ်ဖွဲ့ဝင် ၃ဦး အလင်းဝင် ၊ ၃ဦးထွက်ပြေးလွတ်မြောက်လာ ဟု တပ်မတော်သတင်းထုတ်ပြန်

0
154

ရန်ကုန် ၊ ဇန်န၀ါရီ ၁၉ ၊၂၀၁၈

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့ဝင်သုံးဦးလက်နက်မဲ့အလင်းဝင် ရောက်လာပြီး ၊ ၃ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကသတင်းထုတ်ပြန်ခဲ့ သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ် ၊မုန်းကျက်ကျေးရွာ၌ ဇန်န၀ါရီ ၆ ရက်နေ့ မွန်းလွဲပိုင်းက RCSSတပ်ဖွဲ့ဝင် ၃ဦး လက်နက်မဲ့ အလင်းဝင်ရောက်လာခြင်းဖြစ်ပြီး ဇန်န၀ါရီ ၉ရက်နေ့က တာချီလိတ်မြို့ အနောက်ဘက် ၁၃မိုင်အကွာ တောအုပ်အတွင်းတွင် မသင်္ကာဖွယ်လူ ၃ဦးတွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ RCSSတပ်ဖွဲ့မှ ထွက်ပြေး လွတ်မြောက် လာသူများဖြစ်ကြောင်း သတင်းထုတ်ပြန်ချက် အရသိရသည်။

လက်နက်မဲ့အလင်းဝင်လာသူ ၃ဦးကိုစစ်ဆေးမေးမြန်းချက်များအရ မိုင်းပုကြီးနယ်မြေအတွင်း လှုပ်ရှားနေသည့် RCSS အဖွဲ့မှဖြစ်ပြီး ၁အိမ်လျှင်တစ်ဦးမ၀င်မနေရ၀င်ရောက်ခဲ့ခြင်းဖြစ်ကာ ကာလိမြို့ ၊၀မ်ဆာဟာ ကျေးရွာအနီးတွင် ၄လ ကြာ စစ်သင်တန်းတက်ခဲ့ရပြီး မိုင်းပုကြီးနယ်မြေအတွင်းရှိ ကျေးရွာများထံမှ ဆန်နှင့် သီးနှံများ တောင်းရမ်းစားသောက်ရ ကာ နေထိုင်မှုဆင်းရဲခြင်း ၊ခေါင်းဆောင်ပိုင်း များမှ အပြစ်ပေး ရိုက်နှက်ခြင်းတို့ကြောင့် အလင်းဝင်ရောက်လာခြင်းဖြစ် ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။

ထွက်ပြေးလွတ်မြောက်လာသူ ၃ဦးမှာ တာချီလိတ်မြို့ အနောက်ဘက် ၁၇မိုင်ခန့်အကွာရှိRCSS/SSA၏လွယ်ကော်ဝမ်းသင်တန်းကျောင်းမှာ ထွက်ပြေးလွတ်မြောက်လာသူများဖြစ်ကြောင်းသိရပြီး အလင်း ၀င်ရောက်လာသူများနှင့် ထွက်ပြေးလွတ်မြောက်လာသူ များကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကိုဥာဏ်

Leave a Reply