“မပြောသည်ကို ပြောအောင်လုပ်ဖို့ ခက်ခဲ” ဟု ဒုရဲချုပ် ဆို

0
151

ဇူလိုင် ၅
ယဉ်ကေနွယ်

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းတွင် ကလေးငယ်အား လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့် ခံရသည့် အချိန်တွင် ကလေးငယ် မှ “ ဆရာမ နှင်းနု သိတယ်။ဆရာမ နှင်းနုက ကိုကို့ကို ဆူတယ်။ ရေဆေးပေးတယ်”ဆိုသည့် စကားလုံးမှ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း CID မှ ၎င်း ဆရာမ အား စစ်ဆေးမေးမြန်းချက်များ ကို စိတ်ဝင်စားလျက်ရှိသည်။

ထိုသို့ လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် အတွက် ဆရာမ နှင်းနုအား CID မှ ခေါ်ယူစစ်ဆေးရာတွင် စစ်မေးစရာရှိတာများအား စစ်မေးထားသော်လည်း ၎င်း အား မေးမြန်းမှုတွင် မပြောသည်များကို ပြောရန် ခက်ခဲကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုတိယ ရဲချုပ်အောင်နိုင်သူ ကပြောကြားလိုက်သည်။

“ကျွန်တော်တို့ မေးပါတယ်။ အဲ့တော့ ကျွန်တော်ပြောချင်တာက သက်ရှိသက်သေနဲ့ သက်မဲ့ သက်သေ သက်ရှိ သက်သေ က အချိန်မရွေးပြောင်းလွယ်ပြုလွယ်ဖြစ်တယ်။ သူပြောချင်မှ ဖြစ်တာပါ။ ကျွန်တော်တို့က မပြောတာကို ပြောအောင်လုပ်လို့ဖြစ်တယ်ဆိုတာက ခက်ပါတယ်။ ကျွန်တော်တို့ကတော့ မေးစရာရှိတာ မေးထားပါတယ်”ဟု ဒုရဲချုပ် အောင်နိုင်သူ ကပြောသည်။

ယနေ့ သမ္မတ အိမ်တော်ဝန်းတွင် နှစ်ပတ်လျှင် တစ်ကြိမ် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုရဲချုပ် အောင်နိုင်သူ မှ သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ အမှု ကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အမှားအယွင်းမရှိအောင် ဆောင်ရွက်လျက်ရှိပြီး တဖက်လူ နစ်နာ မှုမရှိစေရေး အတါက်လည်း လုပ်ဆောင်လျက်ရှိကြောင်း ဒုရဲချုပ် အောင်နိုင်သူ ကပြောသည်။

ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များကို တရားရုံးကပဲ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကလေးသည် သဘော သဘာဝ သည် ၎င်း ၏ အတန်းဖော်များကို friend ဟု သာ ခေါ်ဆိုလေ့ရှိပြီး အဖေ အရွယ်ရှိသူများကိုလည်း ကိုကို ဟု ခေါ်သည့် ထူးခြားချက်ရှီနေကြောင်း ဒုရဲချုပ်ကပြောသည်။

လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ယာဉ်မောင်းအောင်ကြီးကို တရားခံ အဖြစ် လူစားထိုးလှဲသည်ဟု ပြောဆိုနေမှုသည် မဟုတ်မှန်ပဲ ၎င်း သည် တရားခံ အမှန်ဖြစ်ကြောင်း ဒုရဲချုပ် အောင်နိုင်သူ ကပြောသည်။

“ကျွန်တော်တို့ ရဲတပ်ဖွဲ့က ချစ်ခြင်း မုန်းခြင်း မပါပါဘူး။ ကျွန်တော်တို့က အားလုံးအတွက် လုပ်တာပါ။ ကျွန်တော်တို့ ဆီမှာ မသိတဲ့ သူ လာအမှုဖွင့်လည်း ကျွန်တော်တို့ ကိုယ်တိုင် ခံစားပြိးမှ လုပ်ကြတာဖြစ်ပါတယ်။ ဒီလို မရှိပါဘူး”ဟု ၎င်း ကပြောသည်။

လက်ရှိ တရားခံဟု ယူဆ ထားသည့် ယာဉ်မောင်းအောင်ကြီး ကို ပထမ တစ်ကြိမ် စစ်ဆေးမှုတွင် အချက်အလက် ပြည့်စုံမှု မရှီသေးသည့် အတွက် ပြန်လည် လွှတ်ပေးခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့က ထပ်မံ ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် ပုဒ်မ ၃၇၆ ဖြင့် ဒက္ခိဏသီရိခရိုင် တရားရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။

Leave a Reply