ထရမ့်၏မဟာဗျူဟာမှူးဟောင်း စတိဗ်ဘန်နွန် ဂျူရီလူကြီးများရှေ့တွင် ထွက်ဆိုရန် ဆင့်ခေါ်ခံရ

0
148

ဝါရှင်တန် ဇန်နဝါရီ ၁၇

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မဟာဗျူဟာမှူးဟောင်း စတိဗ်ဘန်နွန်သည် ဂျူရီလူကြီးများရှေ့တွင် ထွက်ဆိုရန် ဆင့်ခေါ်ခံခဲ့ရကြောင်း အမေရိကန်မီဒီယာများကဖော်ပြခဲ့သည်။

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကာလအတွင်း ထရမ့်၏ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးအဖွဲ့ဝင်များနှင့် ရုရှားအစိုးရ အရာရှိ များကြား ပတ်သက်မှုရှိမရှိကို တရားရေးဝန်ကြီးဌာန၏ တာဝန်ပေးချက် အရ စုံစမ်းစစ်ဆေးနေသည့် အက်ဖ်ဘီအိုင်အကြီး အကဲဟောင်း ရောဘတ်မြူလာသည် ဘန်နွန်အား စစ်ဆေးမေးမြန်းမှု ခံယူရန် ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။

ဘန်နွန်သည် ဇန်နဝါရီ ၁၆ ရက်တွင် အထက်လွှတ်တော် ကော်မတီတစ်ရပ်ရှေ့မှောက်တွင် ကြားနာစစ်ဆေးမှုခံယူခဲ့ရပြီးဖြစ်သည်။ ဂျူရီလူကြီးများရှေ့တွင် စစ်ဆေးမှုခံယူရန် ဘန်နွန်အား လွန်ခဲ့သော အပတ်တွင် ဆင့်ခေါ်ခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာကဖော်ပြခဲ့သည်။

တရားရုံး၌ ဂျူရီလူကြီးများရှေ့တွင် ကြားနာစစ်ဆေးမှုခံယူရခြင်း ဖြစ်သောကြောင့် ပြောဆိုမှုများကို အများပြည်သူ အနည်းနှင့် အများသိရှိခွင့်ရမည်ဖြစ်သည်။ စတိဗ်ဘန်နွန်သည် ထရမ့်၏ အတွင်းစည်းနေများအနက် ယင်းကဲ့သို့ ပထမဆုံးစစ်ဆေး ခံရမည့်သူဖြစ်သည်။

ထရမ့်၏အိမ်ဖြူတော်ဝန်ထမ်းရေးရာဦးစီးအရာရှိဟောင်း ရိုင်းစ်ပရီးဘတ်စ်၊ ပြန်ကြားရေးအတွင်းဝန်ဟောင်း ရှောင်စပိုက်ဆာ၊ အိမ်ဖြူတော်အကြံပေး ဒွန်မက်ဂရက်တို့သည်လည်း မြူလာဦးဆောင်သော အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့၏ အလွတ်သဘောတွေ့ဆုံမေးမြန်းမှုများနှင့် ကြုံခဲ့ရပြီးဖြစ်သည်။ ဘန်နွန်အား ဆင့်ခေါ်ခြင်းသည် ၎င်းဘက်က ပိုမိုပူးပေါင်းဆောင်ရွက်ရန်အတွက် စည်းရုံးလိုက်ခြင်းဖြစ်သည်။

ဘန်နွန်သည် ရွေးကောက်ပွဲကာလအတွင်း ထရမ့်၏ အမေရိကန် ပထမဆိုသည့် သတင်းစကားကို ပျံ့နှံ့အောင် ဦးဆောင်လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး ရာထူးမှဖယ်ရှားခံခဲ့ရသည့် သြဂုတ်မတိုင်မီအထိ ထရမ့်၏ အယုံကြည်ရဆုံးလူဖြစ်ခဲ့သည်။ မကြာသေးမီတွင်ထွက်ရှိခဲ့သည့် ဂျာနယ်လစ် မိုက်ကယ်ဝေါ့၏ မီးလျှံနှင့် ဒေါသမာန်- ထရမ့်၏ အိမ်ဖြူတော်တွင်း အဖြစ်သနစ်များ အမည်ရှိစာအုပ်တွင် ဘန်နွန်က ထရမ့်၏သားကြီးနှင့်ပတ်သက်ပြီးပြောဆိုခဲ့ကြောင်း သိရှိခဲ့ရပြီးနောက် ထရမ့်နှင့် ဘန်နွန်တို့ကြား တင်းမာမှုများရှိလာခဲ့သည်။ စတိဗ်ဘန်နွန်က ဒေါ်နယ်ထရမ့်၏သား ဒေါ်နယ်ထရမ့်ဂျူနီယာနှင့် ရုရှားအစိုးရ အရာရှိများကြား တွေ့ဆုံမှုသည် သစ္စာဖောက်မှုဖြစ်သည်ဟု စာအုပ်ထဲတွင်ဖော်ပြထားသည်။

၂၀၁၆ ခုနှစ် ဇွန်တွင်ပြုလုပ်ခဲ့သည့် တွေ့ဆုံပွဲတွင် ရုရှားများက ဟီလာရီ ကလင်တန်နှင့်ပတ်သက်ပြီး မကောင်းသတင်းများကို ဒေါ်နယ်ထရမ့် ဂျူနီယာကို ပေးအပ်ခဲ့သည်ဟု စာအုပ်ထဲတွင် ရေးထားသည်။ ဝေါ့ဖ်က ဘန်နွန်ရဲ့ပြောဆိုမှုကို အောက်ပါအတိုင်းရေးထားသည်။

“ထရမ့်တာဝါ ၂၅ ထပ်က အစည်းအဝေးခန်းမှာ နိုင်ငံခြားအစိုးရ ကိုယ်စားလှယ်တချို့နဲ့ ရှေ့နေတွေမပါဘဲ တွေ့ဆုံတာကို ကောင်းတဲ့အကြံပဲလို့ ထရမ့်ရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အဆင့်မြင့်အဖွဲ့ဝင်သုံးဦးက ယူဆခဲ့ပါတယ်။ သူတို့မှာ ရှေ့နေတွေလည်း မရှိပါဘူး။ အဲ့လိုတွေ့ဆုံတာမျိုးကို နိုင်ငံတော်အပေါ် သစ္စာဖောက်တာ၊ မျိုးချစ်စိတ်မရှိတာလို့ ထင်မယ်ဆိုရင်၊ ခင်ဗျားအနေနဲ့ အက်ဖ်ဘီအိုင်ကို ချက်ချင်းခေါ်လိုက်ဖို့ကောင်းတယ်။တရားရေးဝန်ကြီးဌာနက အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ဒွန်ဂျူနီယာကို ကြက်ဥလို ခွဲပစ်တော့မှာ” လို့ရေးထားသည်။

Source:BBC

ရိုးမြေ

Leave a Reply