ကျောက်တော်မြို့ ကစ္ဆပနဒီတံတားထိပ်တွင် မိုင်းပေါကွဲမှုဖြစ်ပွား

0
214

ဇူလိုင် ၈

ညိုမှိုင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့နှင့် နှစ်ဖာလုံခန့်ကွာဝေးသည့် ကုလားတန်မြစ်ကူးတံတား (ကစ္ဆပနဒီ)တံတား၏ အရှေ့ဘက် ထိပ်တွင် ယနေ့နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်။

အဆိုပါမိုင်းပေါက်ကွဲမှုမှာ တံတား၏ညာဖက် ပိန္နဲချောင်းကျေးရွာ အကြားနေရာတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ တစ်စုံတစ်ရာထိခိုက်မှု မရှိခဲ့ကြောင်း ဒေသခံများကပြောသည်။

“ဖြစ်တာက မနက် ၈ နာရီဝန်းကျင်လောက်မှာ ဖြစ်တယ်လို့ သတင်းရတယ်။ ပိန္နဲချောင်းရွာဘက်ခြမ်းမှာဖြစ်တာပါ။ လူတွေထိခိုက် မှုတော့ရှိလားမရှိလားဆိုတာ မသိရသေးဘူး။”ဟု ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်း ကပြောသည်။

ယင်းမိုင်းပေါက်ကွဲမှုဖြစ်ပွားသည့် ပိန္နဲချောင်းကျေးရွာအရှေ့ ဘက်တွင် ခမ၇ ၃၇၅ တပ်ရင်းတည်ရှိပြီး ကျေးရွာရာအိမ်မှူး ဦးအောင်စောသိန်းအား ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေကြောင်း သတင်းရရှိသည်။

“ပေါက်ကွဲမှုဖြစ်တာနဲ့ပတ်သက်လို့ ရွာလူကြီးကို တပ်ကခေါ်သွားတယ်လို့သိရတယ်။ သူ့ကို စစ်ဆေးမေးမြန်းစရာရှိလို့ ခေါ်သွားတာဖြစ်နိုင်တယ်။ လောလောဆယ်မှာတော့ ပြန်လွတ်လာတာမတွေ့ရသေးဘူး။”ဟု ဦးဦးထွန်းဝင်းက ဆက်လက်ပြောကြား သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့ နယ်မြေခံရဲတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဖြစ်စဉ်နှင့်ပတ်သက်၍ မသိရှိရသေးကြောင်း ရဲအုပ် သဲထွဋ်အောင်က ပြောကြားခဲ့သည်။

Leave a Reply