ရိုးမားတိုက်စစ်မှူး ဒီဇီကိုကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းဆွေးနွေးနေ

0
170

ဇန်န၀ါရီ၊ ၁၉ ၊ ၂၀၁၈

ချယ်လ်ဆီးအသင်းဟာ ယခင်မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူးဟောင်း ဒီဇီကိုကို ခေါ်ယူနိုင်ရေးအတွက် အီတလီကလပ် ရိုးမားအသင်းနဲ့ ဆွေးနွေးနေပါတယ်။

ချယ်လ်ဆီးအသင်းဟာ ရိုးမားတိုက်စစ်မှူး ဒီဇီကိုနဲ့ အသင်းဖော် အီမာဆင် ပယ်မီရီတို့ကို ယူရိုသန်း၅၀ခန့် အသုံးပြုပြီး ခေါ်ယူဖို့ ချိတ်ဆက်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါအပြောင်းအရွှေ့ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ချယ်လ်ဆီးတိုက်စစ်မှူး ဘတ်ရှူဝါရီကို ရိုးမားအသင်းဆီမှာ အငှားကစားဖို့အတွက် အလိုက်ပေးမယ့် အစီအစဉ်လည်း ပါဝင်နေပါတယ်။

ဒိဇီကိုဟာ ၂၀၁၅ခုနှစ်မှာ မန်ချက်စတာစီးတီးအသင်းကနေ အီတလီစီးရီးအေကလပ် ရိုးမားအသင်းဆီကို ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပါတယ်။ သူဟာ အသက် ၃၁ နှစ်ရှိပြီဖြစ်သလို ယခုနှစ် ဘောလုံးရာသီမှာ ရိုးမားအတွက် ၁၂ ဂိုးအထိ သွင်းယူပေးထား ပါတယ်။ဒီလိုသွင်းဂိုးတွေအနက် ချိန်ပီယံလိဂ်ပြိုင်ပွဲမှာ ချယ်လ်ဆီး နဲ့ ရိုးမား တစ်ဖက် သုံးဂိုးစီ သရေကျတဲ့ပွဲမှာ သွင်းယူနိုင်ခဲ့တဲ့ ဂိုးတွေလည်း ပါဝင်ပါတယ်။

သူဟာ မန်စီးတီး ကစားသမားဘ၀မှာ ပရီးမီးယားလိဂ် အမှတ်ပေးဖလား ၊ FA ဖလား ၊ လိဂ်ဖလား တွေကို ရယူထားနိုင်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။

NN

Leave a Reply