ရဲတပ်ဖွဲ့ဂုဏ်သိက္ခာညိုးနွမ်းစေသည်ဟုဆိုကာ သက္ကမိုးညိုကို အမှုဖွင့်စစ်ဆေးနေ

0
20

ဇူလိုင် ၁၀
ယဉ်ကေနွယ်

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယား ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားနေသည့် သက္ကမိုးညို အကောင့်ပိုင်ရှင်ဖြစ်သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ၀င်းကိုကိုသိန်း အား ပျဉ်းမနားမြို့နယ် ရဲတပ်ဖွဲ့မှူးမှ အီလက်ထရောနစ် ဥပဒေ ပုဒ်မဖြင့် ဇူလိုင်လ ၉ ရက်နေ့က အမှုဖွင့်ထားကြောင်း သိရသည်။

“ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ဂုဏ်သိက္ခာ ညိုးနွမ်းအောင် facebook မှာ ရေးသားတာကြောင့်ပါ”ဟု ပျဉ်းမနားရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦး ကပြောသည်။

ပုဒ်မ ၃၄(ဃ)သည် ပြစ်မှုထင်ရှားမှုရှိရင်တော့ ငွေဒဏ် သိန်း ၅၀ (သို့) ထောင်ဒဏ် ၁ နှစ် မှ ၃ နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မမျိုးဖြစ်သည်။

ဒေါက်တာဝင်းကိုကိုသိန်းကို လက်ရှိတွင် ပျဉ်းမနားမြို့မရဲစခန်းမှ စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်လျက်ရှိသည်။

Leave a Reply