AA ခေါင်းဆောင်များကို တရားစွဲဆိုထားမှု အစိုးရကိုသာ မေးရန် တပ်မတော်ပြော

0
38

ဇူလိုင် ၁၁
ကျော်သူမြင့်

မြောက်ဦးမြို့နယ်ရဲတပ်ဖွဲ့က အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် AA ခေါင်းဆောင်(၄) ဦး၏ ကိစ္စအား အစိုးရသို့ မေးမြန်းရန် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“အဲ့ဒီကိစ္စကို NRPC ကို မေးတာ ပိုပြီးရှင်းလင်းပါလိမ့်မယ်။ အမှုစွဲထားတာလဲ သိရတယ် ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှာ NRPC ရဲ့ ချမှတ်ထားတဲ့ မူဝါဒကို မေးတာက ပိုပြီးပြည့်စုံလိမ့်မယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

AA ခေါင်းဆောင်(၄)ဦးအား ဇန်နဝါရီ(၄)ရက်နေ့က ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့မှုနှင့် ပြည်နယ် အတွင်း ဗုံးခွဲတိုက်ခိုက်မှုများအတွက် ယင်းဥပဒေဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလိုပုဒ်မနဲ့ တရားစွဲတယ်ဆိုရင်တော့ မည်သည့်နိုင်ငံသားမဆို အရေးယူခံရမှာပါ။ EAO တွေအ နေနဲ့လဲ လာရောက်ဆွေးနွေးနေတာပဲဆိုတော့ ဒီကိစ္စက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ သက်ဆိုင်တာ ဆိုတော့ NRPC ရဲ့ ချမှတ်ထားတဲ့ မူဝါဒကိုပဲ မေးရမှာပါ”ဟု ၎င်းက ဆိုသည်။

မိုင်းလာမြို့တွင် ကျင်းပခဲ့သည့် အထူးဒေသ-၄ နှစ်(၃၀)ပြည့် အထိမ်းအမှတ်ပွဲတွင် အစိုးရကိုယ် စားလှယ်အဖွဲ့နှင့် AA အပါအဝင် NCA လက်မှတ်ရေးထိုးရခြင်းမရှိသေးသည့် ၄ဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် အစိုးရ၏ အပစ်အခတ်ရပ်စဲရေး Bilateral မူကြမ်းနှင့် ပတ်သတ်သည့် အဆိုပြုချက်ကို မြောက်ပိုင်းအဖွဲ့(၄)ထံပေးအပ်ခဲ့ပြီး ဇူလိုင်လ ဒုတိယပတ်(သို့မဟုတ်) တတိယ ပတ်တွင် ပြန်လည်တွေ့ဆုံရန် ကမ်းလှမ်းခဲ့သည်။

Leave a Reply