သံဃာအပါး (၂၀၀၀၀) ဆွမ်းဆန်လောင်းလှူပွဲ ဗုံးအန္တရာယ် ကင်းရှင်းရေးအတွက် ရဲတပ်ဖွဲ့ဝင် ၆၀၀ ကျော် ချထားမည်

0
190

မန္တလေး၊ ဇန်နဝါရီ ၁၉၊ ၂၀၁၈

မန္တလေးမြို့၊ ချမ်းမြသာစည်လေဆိပ်တွင် ပြုလုပ်မည့် သံဃာအပါး (၂၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်ဗုံးအန္တရာယ် ကင်းရှင်းရေး အတွက် နေ့စဉ်စစ်ဆေးမှုများ လုပ်နေသည့်အပြင် ဆွမ်းဆန်စိမ်း လောင်းလှူသည့် နေ့တွင် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ၆၀၀ ကျော် ချထားမည်ဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များကို မန္တလေးခရိုင် ၊ ကျောက်ဆည် ခရိုင် နှင့် ပြင်ဦးလွင် ခရိုင်တို့မှ ခေါ်ယူထားပြီး ဖြစ်ကာ မီးသတ်တပ်ဖွဲ့ မှလည်း အသင့်ရှိနေမည်ဖြစ်သည်။

“ဗုံးအန္တရာယ်အတွက် နေ့တိုင်း စစ်ဆေးနေတယ် ။ လုံခြုံရေးမှာလည်း သံဃာတွေကြွလာမယ့် လမ်း တစ်လျှောက် လမ်းကြောင်း လုံခြုံရေးတွေလည်း ဆောင်ရွက်ထားတယ် ။ထိုင်းသံဃာများ တည်းခိုနေထိုင်တဲ့ ဟိုတယ် အနီးမှာလည်း လုံခြုံရေး ချထားပေးပြီး ဖြစ်တယ်” ဟု မန္တလေးတိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း က ပြောသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ က ဦးဆောင်ကာ ထိုင်း – မြန်မာ ချစ်ကြည်ရေးအနေဖြင့် ကျင်းပခြင်းဖြစ်ကာ ထိုင်းနိုင်ငံမှ သံဃာတော်အပါး (၆၀) ပါဝင်မည်ဖြစ်သည်။

ယင်းသံဃာအပါး (၂၀၀၀၀) ဆွမ်းဆန်စိမ်း လောင်းလှူနေချိန်တွင် တစ်လမ်းမောင်း (၁) နေရာ နှင့် လမ်းလွှဲ/လမ်းပိတ် (၉)နေရာ ယာယီသတ်မှတ်သွားမည်ဖြစ်ကြောင်း အမှတ် (၁၄)ယာဉ်ထိန်း တပ်ဖွဲ့ခွဲက သိရသည်။

နိုင်လင်းဦး

Leave a Reply