စစ်ကိုင်းတွင် အလှူခံပုံးမှ ငွေများခိုးယူမှုဖြစ်

0
57

ဇူလိုင် ၁၀

နိုင်လင်းဦး

စစ်ကိုင်းမြို့ ပန်းပဲတန်းရပ်ကွက်ရှိ ဆင်များရှင်ဘုရားတွင် အလှူခံပုံးမှ ငွေများခိုးယူမှုတစ်ခု ဇူလိုင်လ ၉ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့မရဲစခန်း က သိရသည် ။

ဖြစ်စဉ်မှာ စစ်ကိုင်းမြို့ ပန်းပဲတန်းရပ်ကွက် အုပ်စက်ရပ်တွင် နေထိုင်သည့် ညွှန့်ဝင်း (၃၇) နှစ်သည် ဆင်များရှင်ဘုရား ဆင်ရှင်ဗိမာန်ဘုရားအတွင်းရှိ အလှူခံပုံးများအတွင်းက ပိုက်ဆံများခိုးယူခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရသိရသည်။

ထိုသို့ အလှူခံပုံးများအတွင်းက ပိုက်ဆံများခိုးယူနေခြင်းကို ဂေါပက ဝန်ထမ်း နေ့ခင်းအစောင့်ကျသူ ဒေါ်တင်တင်ဦး က တွေ့မြင်ပြီး ဆင်ရှင်ဗိမာန်ဘုရားဆောတံခါးအား သော့ဖြင့်ပိတ်၍ သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများရောက်ရှိလာပြီး ညွှန့်ဝင်း အား ဖမ်းဆီးစစ်ဆေးရာ ငွေစက္ကူမျိုးစုံ (၈၄၇၅၀) ကျပ်အားတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။

အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်၍ အလှူခံပုံးများအတွင်းက ပိုက်ဆံများခိုးယူသူ ညွှန့်ဝင်း အား စစ်ကိုင်းမြို့မရဲစခန်းတွင် (ပ)၈၄၇/၂၀၁၉ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရသည် ။

Leave a Reply