RCSSတပ်သားများဖမ်းဆီးခံရမှုနှင့် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုများအပေါ် JMC-Uကို တင်ပြခြင်းမရှိ

0
223

ရန်ကုန် ၊ ဇန်န၀ါရီ ၁၉ ၊ ၂၀၁၈

တပ်မတော်မှ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS၏ တပ်သားများကို ဖမ်းဆီးခြင်းနှင့် တပ်မတော်နှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားမှု အပေါ် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U)ကို တိုင်ကြားလာခြင်း မရှိသေးကြောင်း အတွင်းရေးမှူးအဖွဲ့ဝင်များကပြောကြာသည်။

JMC-U၏ ၁၄ကြိမ်မြောက်အစည်းအဝေးကို ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန တွင် ဇန်န၀ါရီ ၁၇ ရက်နေ့မှ ၁၉ရက်နေ့အထိ သုံးရက်ကြာကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေးပွဲအပြီးသတင်းစာရှင်း လင်းပွဲတွင် JMC-Uအတွင်းရေးမှူးများကပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ NCAလက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ အတွက် သူ့ရဲ့လုပ်ထုံးလုပ်နည်းအတိုင်းပေါ့ JMC-Sတွေမှာ သူတို့ဖြေရှင်းသွားကြမှာဖြစ်ပါတယ်။ ကျွန်တော်တို့ JMC-Uကိုလည်း ဘာမှတင်ပြလာခြင်းမရှိသေးပါဘူး။ သူတို့ဟာသူတို့ ဖြေရှင်းဆောင်ရွက် သွားကြမှာဖြစ်တဲ့အတွက် JMC-Uအနေနဲ့တော့ ပြောကြားလိုခြင်း မရှိပါဘူး”ဟု JMC-U အတွင်းရေးမှူး(၁) ဗိုလ်မှူးကြီးဝဏ္ဏအောင် ကပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးပူးတွဲစောင့်ကြည့်ကော်မတီများကို ပြည်ထောင်စုအဆင့်JMC-U ၊ ပြည်နယ်အဆင့် JMC-S ၊ ဒေသန္တရအဆင့် JMC-Lတို့ဖြင့်အဆင့်ဆင့်ဖွဲ့စည်းထားသည်။

“အဲ့ဒီတိုင်ကြားတဲ့ကိစ္စတွေကြတော့ JMC-Sမှာအသေးစိတ် ဆွေးနွေးကြပါတယ်။တကယ်လို့အဲ့ဒီမှာမပြေလည်တော့ မှပဲ JMC-Uကို သယ်ဆောင်လေ့ရှိပါတယ်။ အဲ့ကိစ္စကတော့ JMC-S အခြမ်းမှာ အရင်ဆွေးနွေးပြီးမှပဲတကယ်လို့ ပြေလည်မှုမရှိဘူးဆိုရင် U ဘက်ကိုသယ်လာမှာဖြစ်ပါတယ်။အခုထက်ထိကတော့ Uဘက်ကို တရားဝင်တင်ပြတာ တော့မရှိသေးပါဘူး “ဟု အတွင်းရေးမှူး(၂) ဒေါက်တာရွှေခါးရ်ကပြောသည်။

၂၀၁၇ခုနှစ်အတွင်းတွင် တပ်မတော်အနေဖြင့် RCSS၏ နယ်မြေ အတွင်းစစ်ရေးလှုပ်ရှားမှုများနှင့် ၎င်းတို့၏တပ်ဖွဲ့ဝင် များကိုဖမ်းဆီး ထားကြောင်း RCSSဘက်မှပြောဆိုမှုများရှိသည်။

“ကျွန်တော်တို့အနေနဲ့ကတော့ တပ်ရဲ့နယ်မြေလုံခြုံရေး ၊နယ်မြေ စိုးမိုးရေးတွေရှိပါတယ် ။ကျွန်တော်တို့ပုံမှန်လုပ်နေရ တဲ့လုံခြုံရေး ကတော့လုပ်ငန်းဆောင်တာလေးတွေ လုပ်နေတဲ့ အလုပ်လေးတွေ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးဝဏ္ဏအောင် ကပြန်လည်ဖြေရှင်းသည်။

၂၀၁၇ဒီဇင်ဘာ ၂၄ရက်နေ့တွင် ဆက်ကြေးကောက် လူသစ်စုဆောင်း မှုများပြုလုပ်နေသည့် RCSSတပ်ဖွဲ့ဝင် ၆ဦးအား ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း နှင့် ဇန်န၀ါရီ ၁၈ရက်က RCSSတပ်ဖွဲ့ဝင် သုံးဦးအလင်း ၀င်ခဲ့ကာ ထွက်ပြေးလွတ်မြောက် လာသူသုံးဦးထွက်ပြေး လွတ်မြောက် လာခဲ့ကြောင်း တပ်မတော်ကသတင်းထုတ်ပြန်ထားသည်။

ကိုဥာဏ်

Leave a Reply