ဘင်္ဂါလီတွေကို မြန်မာနိုင်ငံသားဖြစ်ခွင့်ပေးကိုပေးရမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်အကြီးအကဲပြော

0
64

ဇူလိုင် ၁၁

နိုင်ငံတကာသတင်း

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျုးလွန်ခဲ့တယ်လို့စွပ်စွဲထားတဲ့လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကို အတည်ပြုနိုင်ဖို့ ဆက်လုပ်သွားမှာဖြစ်ပြီး နိုင်ငံမဲ့ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)မျိုးနွယ်စုတွေ နိုင်ငံသားဖြစ်ခွင့်ကင်းမဲ့နေတာအဆုံးသတ်သင့်ပြီလို့ မြန်မာအစိုးရကိုတိုက်တွန်းတယ်ဆိုပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာဒုတိယမဟာမင်းကြီး ကိတ် ဂေလ်မောက ဗုဒ္ဓဟူးနေ့မှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကိုတင်ပြတဲ့ နောက်ဆုံးရအချက်အလက်တွေမှာ ထည့်သွင်းပြောဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်နှစ်လောက်က မွတ်ဆလင်တွေအဓိကပါဝင်တဲ့ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)သိန်းချီဟာ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာဟောင်း ဇိတ်ရာအက် အယ်ဟူစိန်က လူမျိုးတုံးသတ်ဖြတ်မှုလို့ပြောတဲ့ဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖြတ်ကျော်ထွက်ပြေးခဲ့ပါတယ်။

မြန်မာအစိုးရဘက်ကတော့ အဲဒီဖြစ်စဉ်တွေဟာ ARSAအကြမ်းဖက်အဖွဲ့က နယ်စပ်စခန်းတွေကို တိုက်ခိုက်ခဲ့လို့ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေလုပ်ခဲ့တာလို့ တုံ့ပြန်ထားပါတယ်။

ယခင်လူဦးရေကတော့ ၁၀၀၀၀၀၀ နီးပါးရှိပေမဲ့ ဒီနေ့မှာတော့ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီ ၂၄၀၀၀၀ လောက်ပဲကျန်ရှိနေပြီး သူတို့တွေဟာလည်း ရက်စက်တဲ့လုပ်ရပ်တွေနဲ့တွေ့ကြုံနေရတုန်းပဲလို့ မစ္စဂေလ်မိုးက ပြောပါတယ်။

တိုက်ခိုက်မှုတွေဆက်ဖြစ်နေပြီး အခုနှစ်မေ ၂ ရက်နဲ့ ၉ ရက်အတွင်း မောင်တောနဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေရဲ့အိမ်တွေနဲ့ ဆိုင်တွေကို မီးရှို့ခံခဲ့ရတယ်လို့လည်း သူကပြောပါတယ်။

မေလနောက်ပိုင်းအစီရင်ခံစာတွေမှာလည်း ကျန်နေတဲ့အိမ်တွေကို ပြာပုံဖြစ်တဲ့အထိမီးရှို့ခံခဲ့ရတယ်လို့ စွပ်စွဲချက်တွေလည်းရှိနေပါတယ်။

“ကျွန်မတို့ရထားတဲ့သတင်းအချက်အလက်တွေအရ အဲဒီတိုက်ခိုက်မှုတွေအတွက် အာဏာပိုင်တွေက အရေးယူဆောင်ရွက်မှုတွေမရှိဘူး။”လို့လည်း မစ္စဂေလ်မိုးကစွပ်စွဲထားပါတယ်။

Source-UN News

#ဥက္ကာ
#TheFifthWaveNews

Photo-UNHCR

Leave a Reply