ဘင်္ဂါလီတွေလုံခြုံမှုရှိရှိနေရပ်ပြန်နိုင်ဖို့ မြန်မာနိုင်ငံအနေနဲ့ လုပ်စရာတွေအများကြီးကျန်သေးတယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဘန်ကီမွန်းထောက်ပြ

0
43

ဇူလိုင် ၁၁

နိုင်ငံတကာသတင်း

ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)အကြပ်အတည်းကိုဖြေရှင်းနိုင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ ဘင်္ဂါလီဒုက္ခသည်တွေနေရပ်ပြန်ဖို့ မျှော်မှန်းထားသလောက် မြန်မာနိုင်ငံရဲ့အခန်းကဏ္ဍကို မလုပ်ဆောင်ရသေးဘူးလို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်းဘန်ကီမွန်းက ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း၊ ကော့က်စ်ဘဇားခရိုင်ကိုသွားပြီး ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပြီးနောက် သူတို့ရဲ့နိုင်ငံကိုပြန်ဖို့ လူမျိုးစုတွေနေရပ်ပြန်ပြီးရင် ဘေးကင်းမှုအတွက်စိုးရိမ်မိတယ်လို့ မီဒီယာတွေကို ပြောခဲ့တာပါ။

ကမ္ဘာ့လိုက်လျောညီထွေရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်တာဝန်ယူနေတဲ့ဘန်က ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)လူဦးရေကြောင့် သူတို့နေထိုင်တဲ့ဒုက္ခသည်စခန်းတွေရဲ့ သဘာဝပတ်ဝန်းကျင်အပေါ်ဆိုးကျိုးသက်ရောက်မှုတွေကိုကြည့်ရှု့စစ်ဆေးဖို့ ကော့က်စ်ဘဇားကိုရောက်ရှိခဲ့တာပါ။

မာရှယ်ကျွန်းစုများသမ္မတဟီလ်ဒါ ဟိန်ဈ ကမ္ဘာ့ဘဏ်အမှုဆောင်အရာရှိချုပ်ခရစ္စတာလီနာ ဂျော်ဂျီဗာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးအေကေ အဗ္ဗဒူ မိုမန်တို့ကလည်း ကမ္ဘာအကြီးဆုံးဒုက္ခသည်စခန်းဖြစ်တဲ့ကုတုပလောင်စခန်းကိုသွားရောက်ချိန်မှာ လိုက်ပါခဲ့ပါတယ်။

အ၀တ်အစားတွေစုတ်ပြဲနေတဲ့ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)လူကြီးတွေနဲ့ အ၀တ်မပါတဲ့ကလေးငယ်တွေက သူတို့ရဲ့တဲကုတ်လေးတွေရှေ့မှာ ဘန်နဲ့တခြားလူတွေကို ကြိုဆိုခဲ့ပါတယ်။

ကုလသမဂ္ဂမှာသူတာဝန်ထမ်းဆောင်ခဲ့တုန်းက ဆီးရီးယားကအပါအ၀င်ဒုက္ခသည်သန်းဆယ်ချီကို ကူညီခဲ့ဖူးတယ်လို့ ဘန်ကပြောပါတယ်။

ဒါပေမဲ့ ကျွန်တော်ဒီနေ့တွေ့ရတာကတော့ စိတ်နှလုံးချမ်းမြေ့စရာမဟုတ်ဘူး”လို့ ဘန်ကပြောပြီး ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)က မွေးရပ်မြေကို ဘေးကင်းလုံခြုံစိတ်ချစွာပြန်ရမယ်လို့ မျှော်လင့်တယ်ဆိုပြီးလည်း ပြောပါတယ်။

အဆင်ပြေတယ်လို့ အချက်ပြနေပေမဲ့ မြန်မာနိုင်ငံရောက်ရင် သူတို့ရဲ့လုံခြုံရေးနဲ့ဂုဏ်သိက္ခာကို စိုးရိမ်နေကြတဲ့အတွက် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေနေရပ်ပြန်ရေးမှာ တိုးတက်မှုမရှိဖြစ်နေပါတယ်။

“ရိုဟင်ဂျာတွေမှာ အကြီးအကျယ်စိတ်ပျက်မှုတွေနဲ့ စိုးရိမ်မှုတွေရှိနေတာကို ကျွန်တော်မျက်မြင်တွေ့ခဲ့ရတယ်။”လို့လည်း ဘန်ကပြောပါတယ်။

“ရိုဟင်ဂျာတွေသူတို့နေရပ်ပြန်ချိန်မှာ ကြောက်စိတ်မရှိဘဲ နှိပ်စက်မှုတွေမခံရအောင် မြန်မာအစိုးရအနေနဲ့ လုပ်စရာတွေကျန်သေးတယ်။” လို့လည်း ဘန်ကပြောပါတယ်။

ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ဘန်က မြို့တော်ဒါကာမှာ ၀န်ကြီးချုပ်ရှိတ် ဟာဆီနာနဲ့တွေ့ဆုံပြီး သူဦးဆောင်နေတဲ့ကော်မရှင်ရဲ့မျက်နှာစုံညီအစည်းအဝေးဖွင့်ပွဲမှာ ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)တွေနေရပ်ပြန်ရေး နိုင်ငံတကာအသိုက်အ၀န်းရဲ့အားထုတ်မှုတွေကို မြှင့်တင်ဖို့ ဟာဆီနာက တောင်းဆိုခဲ့ပါတယ်။

ကော့က်စ်ဘဇားမှာတော့ “ဒီလောက်အများကြီးရှိနေတဲ့ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်အနေနဲ့ လက်ခံထားဖို့ မဖြစ်နိုင်ဘူး။”လို့ ဘန်ကပြောပါတယ်။

Source-BD24 News

#ဥက္ကာ
#TheFifthWaveNews
Photo-The Asian Age

Leave a Reply