နယူးကာဆယ်အသင်းကို ဗြိတိန်မှ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ၀ယ်ယူရန်ကြိုးစားနေ

0
183

ဇန်န၀ါရီ ၁၉ ၊ ၂၀၁၈

အမန်ဒါ စတာဗီလေလို့အမည်ရတဲ့ ဗြိတိန်နိုင်ငံက အမျိုးသမီးစီးပွားရေး လုပ်ငန်းရှင်တစ်ဦးဟာ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းကို ၀ယ်ယူနိုင်ဖို့အတွက် ကြိုးစားနေပါတယ်။

အမန်ဒါဟာ နယူးကာဆယ်အသင်းကို ၀ယ်ယူဖို့ ကြိုးစားနေကြောင်း သူ့ရဲ့ ပြောဆိုခွင့်ရှိသူက မီဒီယာတွေကို ပြောကြားလိုက်ပါတယ်။

“သဘောတူညီမှုရဖို့အတွက်တော့ အခြေအနေက ခက်ခဲနေသေး တယ်”ဟု သူ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဒါပေမယ့်လည်း ၀ယ်ယူမယ့် အစီအစဉ်ကတော့ ပျက်မသွားပါဘူး။ လက်ရှိ အသင်းပိုင်ရှင်ဖြစ်တဲ့ မီကီအက်ရှက်လေရဲ့ စိတ်အပြောင်း အလဲကို မူတည်ပြီး သဘောတူညီမှုရနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆက်ပြောပါတယ်။ဒါ့အပြင် အသင်းဝယ်ယူရေး ကိစ္စအတွက် အသင်းပိုင်ရှင်နဲ့ ၀ယ်ယူမယ်သူတို့ ဆက်လက်ဆွေးနွေး ဖို့တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

နယူကာဆယ်အသင်းရဲ့ အရောင်းအ၀ယ်ကိစ္စအတွက် အသင်းပိုင်ရှင် အက်ရှလေဟာ မလိုအပ်ဘဲ အချိန်ဆွဲနေသလို ဖြစ်နေပြီး သတင်းပတ် ၅ ပတ်ကြာမြင့်ချိန်အထိ အရောင်းအ၀ယ်ဟာ ကြန့်ကြာနေတယ်လို့ အမန်ဒါရဲ့ လူတွေက သုံးသပ်နေကြပါတယ်။

အမန်ဒါ စတာဗီလေဟာ နယူးကာဆယ်အသင်းကို ပေါင်သန်း ၂၅၀ နဲ့ ၀ယ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး အသင်းပိုင်ရှင်က အဆိုပါဈေးနှုန်းထက် ပိုမိုလိုချင်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။ဒါ့အပြင် အသင်း ၀ယ်ယူရေး ကိစ္စနှင့်ပတ်သက်ပြီး တရားဝင် ဆွေးနွေးမှုတွေ မရှိဘဲ ကောလာဟလ သဘောမျိုးတွေသာ ရှိနေတဲ့အတွက် အမှန်အကန်ဝယ်ယူမယ်ဆိုရင် စားပွဲဝိုင်းပေါ်ကနေ တရားဝင် လာရောက်ဆွေးနွေးဖို့ လက်ရှိပိုင်ရှင်က ဆိုပါတယ်။

ဒါ့အပြင် လက်ရှိနယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်အတွက် အပြောင်းအရွှေ့ဈေးကွက်မှာ အသုံးပြုဖို့ ငွေကြေး တောင်းခံထားမှုတွေကိုလည်း သူ့အနေနဲ့ ဆောင်ရွက်နေတယ်လို့ အသင်းပိုင်ရှင် အက်ရှက်လေက ဆိုပါတယ်။

NN

Leave a Reply