ပရီးမီးယားလိဂ်၏ အကောင်းဆုံးဂိုးသမား ဒေးဗစ်ဒီဂီယာ

0
152

ဇန်န၀ါရီ ၁၉ ၊ ၂၀၁၈

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စပိန်လက်ရွေးစင်ဂိုးသမား ဒေးဗစ်ဒီဂီယာဟာ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားအဖြစ် ချီးကျူးခဲ့ရပါတယ်။

သူဟာ မန်ယူအသင်းအတွက် အရေးပါတဲ့ ကာကွယ်မှုတွေကို အကောင်းဆုံးပြုလုပ်ထားနိုင်တဲ့အတွက် ဥရောပရဲ့ လိဂ်ပေါင်းစုံရဲ့ အကောင်းဆုံး ကစားသမားရွေးချယ်မှုစာရင်းမှာ ဂိုးသမားနေရာအတွက် ရွေးချယ်ခံခဲ့ရပါတယ်။

ဒီဂီယာဟာ မန်ယူ ၃-၁ အာဆင်နယ်ပွဲစဉ်မှာ အာဆင်နယ် တိုက်စစ်မှူးတွေရဲ့ သွင်းဂိုးတွေကို အကြိမ်ကြိမ် ကာကွယ် သွားခဲ့ပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ် ၂၃ ပွဲ ကစားပြီးချိန်အထိ ဒီဂီယာဟာ ဂိုးမပေးရတဲ့ စံချိန် ၁၃ ကြိမ်အထိ ရရှိထားခဲ့ပါတယ်။

ဒီဂီယာရဲ့ အနောက်မှာတော့ ဘန်လေဂိုးသမား နစ်ပိုးစ်က ဒုတိယ လိုက်နေပါတယ်။ ဒါပေမယ့်လည်း နစ်ပိုးစ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လမှာ ဒဏ်ရာရရှိသွားတဲ့အတွက် ပွဲစဉ် ၂၀အထိသာ ပါဝင်နိုင်ခဲ့ပါတယ်။ သူရဲ့ နောက်မှာတော့ ဆွမ်ဆီးဂီုးသမား ဖေဘီယန်းစကီးတို့က အသီးသီး နေရာယူထားတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးဂိုးသမား ကော့တွီုက်ကတော့ အကောင်းဆုံးဂိုသမား စာရင်းရဲ့ နံပါတ်လေးနေရာမှာရပ်တည်နေပြီး အဲဗာတန်ဂိုးသမား ပစ်ဖော့က ပဉ္စမနေရာမှာ ရပ်တည်လျှက်ရှိနေကြပါတယ်။

NN

Leave a Reply