Facebookကကြေညာထားတဲ့ဒစ်ဂျစ်တယ်ငွေကြေး မယုံကြည်ရဘူးလို့ အမေရိကန်လွှတ်တော်ဝေဖန်

0
110

ဇူလိုင် ၁၇
နိုင်ငံတကာသတင်း

ဒီဂျစ်တယ်ငွေကြေးလစ်ဘရာထုတ်မယ်ဆိုတဲ့Facebookရဲ့အစီအစဉ်ဟာ အမေရိကန်လွှတ်တော်မှာ ကြားနေတုန်း ထပ်ပြီးဝေဖန်ခံခဲ့ရပြီး Facebookကုမ္ပဏီက အမှောင်ဖုံးနေသလို မယုံရဘူးလို့လည်း ပြောခဲ့ပါတယ်။

လစ်ဘရာနဲ့ပတ်သက်ပြီးဝန်ဆောင်မှုပေးဖို့ Facebookကတည်ထောင်ထားတဲ့ကာလစ်ဘရာဒစ်ဂျစ်တယ်ငွေကြေးကုမ္ပဏီရဲ့တာဝန်ခံဒေးဗစ် မားကပ်စ်ကို အမေရိကန်ဆီးနိတ်လွှတ်တော် ဘဏ်လုပ်ငန်းဆိုင်ရာကော်မတီက လစ်ဘရာဒစ်ဂျစ်တယ်ငွေကြေးမိတ်ဆက်ထုတ်ဝေသွားမယ်ဆိုတဲ့ရည်မှန်းချက်ကို မေးခွန်းထုတ်ခဲ့တာပါ။

အမေရိကန်တွေရဲ့ယုံကြည်မှုနဲ့မထိုက်တန်တဲ့အရှုပ်တော်ပုံတွေကို Facebookကုမ္ပဏီက တစ်ခုပြီးတစ်ခုထုတ်ပြနေတာလို့ ဆီးနိတ်အမတ်ရှာရော့ဒ် ဘရောင်းက ပြောပါတယ်။

နောက်ထပ်စီးပွားရေးလုပ်ငန်းသစ်တစ်ခုစတင်မိတ်မဆက်ခင်မှာ အရင်အရှုပ်တွေကို ရှင်းဖို့လည်း အမတ်တွေက ပြောပါတယ်။

အစောဆုံးလာမယ့်နှစ်မှာ ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်ခုမိတ်ဆက်ဖို့ အစီအစဉ်တွေကို ဇွန်မှာ Facebookကထုတ်ပြခဲ့ပေမဲ့ အမေရိကန်လွှတ်တော်အမတ်တွေရဲ့ထောက်ခံမှ ဆက်လုပ်နိုင်မှာပါ။

ဒါပေမဲ့ Facebookကကြေညာခဲ့ပြီးကတည်းက အမေရိကန်သမ္မတဒေါ်နယ် ထရမ့်အပါအ၀င် ဝေဖန်သူတော်တော်များများရှိခဲ့ပါတယ်။

“လူတွေရဲ့ဘဏ်အကောင့်တွေကို စမ်းသပ်ခွင့်ပြုဖို့ Facebookကိုအခွင့်အရေးတစ်ခုပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့ရူးနေရာကျတယ်။” လို့ ဒီမိုကရက်အမတ်ရှာရော့ဒ် ဘရောင်းက ကြားနာမှုမှာပြောပါတယ်။

Facebookရှာထားတဲ့ပိုက်ဆံတွေနဲ့ Facebookကုမ္ပဏီကို လူတစ်ယောက်ချင်းစီက ယုံမယ်ဆိုရင် အမှောင်ဖုံးနေတာလို့ သူတွေးမိတယ်ဆိုပြီးလည်း ဘရောင်းကပြောပါတယ်။

“Facebookကိုမယုံဘူး။ ရှိနေပြီးသားအရှုပ်တွေကိုတောင် မရှင်းသေးဘဲနဲ့ နောက်ထပ်စီးပွာရေးပုံစံသစ်တစ်ခုကို စလုပ်နေတာ။” လို့ ရီပတ်ဘလစ်ကန်ဆီးနိတ်အမတ် မာသာ မက်ဆယ်လီကပြောပါတယ်။

Pay Palငွေကြေးဝန်ဆောင်မှုရဲ့ဥက္ကဋ္ဌအဖြသ် ၂၀၁၂ ကနေ ၂၀၁၄ ခုနှစ်အထိတာဝန်ယူခဲ့တဲ့မားကပ်စ်က စည်းမျဉ်းကိစ္စတွေကို မပြောရသေးသရွေ့ Facebookက လစ်လရာကို စမိတ်ဆက်မှာမဟုတ်ဘူးလို့ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောပြီး စိုးရိမ်စိတ်တွေကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။

“လစ်ဘရာကိစ္စမှန်မှန်ကန်ကန်ဖြစ်အောင်လုပ်ဖို့ အချိန်ယူရမယ်ဆိုတာကိုလည်း ကျွန်တော်တို့သိပါတယ်” လို့ဒီနေ့မှာလည်း ဟောက်စ်လွှတ်တော်ဘဏ္ဍာရေးဝန်ဆောင်မှုများကော်မတီမျက်မှောက်မှာ သက်သေခံရမယ့်မားကပ်စ်က ပြောခဲ့ပါတယ်။

လစ်ဘရာနဲ့ပတ်သက်ပြီး စိတ်အဆင်မချောဘူးလို့ တနင်္လာနေ့မှာ အမေရိကန်ငွေတိုက်ဝန်ကြီးစတီဗင် မနူချင်က ပြောသလို ပြီးခဲ့တဲ့တစ်ပတ်တုန်းကလည်း အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျီရုမ်း ပေါ့ဝဲလ်ကပြောပါတယ်။

Source-BBC
#ဥက္ကာ
#TheFifthWaveNews
Photo-pandasecurity

Leave a Reply