မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိမည်

0
88

ဇူလိုင် – ၁၈

နိုင်လင်းဦး

ဧရာဝတီမြစ် အထက်ပိုင်းဒေသများရှိမြို့အချို့တွင် စိုးရိမ်ရေအမှတ်ထက်ရောက်ခဲ့ပြီး မြစ်ရေ အောက်ပိုင်းသို့ ဆင်းလာပြီဖြစ်သည့်အတွက် မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ရောက်ရှိမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သိရသည် ။

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်က ၁၂၆၀ စင်တီမီတာ ရှိပြီဖြစ်ပြီး စိုးရိမ်ရေမှတ်သို့ ရောက်ရှိရန် ၅၇ စင်တီမီတာ လိုသေးကြောင်း သိရသည် ။

“နောက်တစ်ရက်လောက်နေရင် စိုးရိမ်ရေမှတ်ရောက်လာနိုင်တယ် ။ ခုတော့ စိုးရိမ်ရေမှတ်ရောက်ဖို့ နှစ်ပေလောက်လိုပါသေးတယ်။´´ ဟု ဟုမန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး က ပြောသည် ။

ဧရာဝတီမြစ် အထက်ပိုင်းမြို့များဖြစ်သည့် မြစ်ကြီးနား ၊ ဗန်းမော် ၊ ကသာ တို့တွင်စိုးရိမ်ရေမှတ်အောက်ရှိနေပြီး ထက်မံကျနိုင်သည့်အနေအထားတွင်ရှိနေကြောင်း ၊ သပိတ်ကျင်း ၊ မန္တလေး၊ စစ်ကိုင်း ၊ မြင်းမူတို့တွင် စိုးရိမ်ရေမှတ် အောက်ရှိသော်လည်း ထက်မံမြင့်တက်လာနိုင်သည့်အနေအထားတွင်ရှိနေကြောင်း သိရသည် ။

ယခင် သုံးနှစ်ခန့်မှစတင်၍ ဧရာဝတီမြစ်ရေ၏အတက်အကျနှုန်းမှာပိုမိုမြန်ဆန်လာလျက်ရှိပြီး၂၀၁၀ ခုနှစ်နောက်ပိုင်းမှ စတင်၍ မြစ်ရေအတက်အကျနှုန်း အနိမ့်ဆုံးသတိပေးရေမှတ်အောက်နှင့် အမြင့်ဆုံး သတိပေးရေမှတ်အထက်ရောက်ရှိမှုများမှာသိသာစွာများပြားလာလျက်ရှိကြောင်း သိရသည် ။

Leave a Reply