NCAစာချုပ်ပါ မိုင်းရှင်းလင်းရေးလုပ်ငန်းများ စတင်လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း JMC-U အတွင်းရေးမှူးများ ပြောဆို

0
190

ရန်ကုန် ၊ဇန်န၀ါရီ ၁၉ ၊ ၂၀၁၈

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCAပါ မိုင်းရှင်းလင်းရေးလုပ်ငန်းများစတင်လုပ်ဆောင်နိုင် ခြင်းမရှိသေးကြောင်း JMC-U အတွင်းရေးမှူးများက ယနေ့ပြုလုပ်သည့် ရန်ကုန်မြို့ ၊ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန တွင် ၃ရက်ကြာပြုလုပ်ခဲ့သည့် ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)အစည်း အဝေး အပြီး သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုလိုက်သည်။

“NCAမှာတော့ မိုင်းရှင်းလင်းရေးကတော့ဆောင်ရွက်ဖို့တော့ပါပါတယ် နှစ်ဖက်ယုံကြည်မှုအ ပေါ်မှာပဲဆောင်ရွက်သွားကျမှာဖြစ်တဲ့အတွက် တစ်ဖက်နဲ့တစ်ဖက်ဆွေးနွေးနေကြတုန်းပဲရှိပါသေးတယ်။ ကျွန်တော်တို့ မိုင်းရှင်းလင်းရေးကိုတော့အကောင်အထည်မဖော်နိုင်သေးဘူးပေါ့လေ ကျွန်တော်တို့အချိန်တစ်ခုတော့စောင့်ပြီးတော့ ယုံကြည်မှု တည်ဆောက်နေတဲ့အချိန်ဖြစ်တဲ့အတွက် နည်းနည်းလေးတော့ စောင့်ဆိုင်းရမယ့်အနေအထားလေးတွေ တော့ရှိပါတယ်”ဟု JMC-U အတွင်းရေးမှူး (၁)ဗိုလ်မှူးကြီး ၀ဏ္ဏအောင်ကပြောသည်။

မိုင်းရှင်းလင်းရေးနှင့်ပတ်သတ်၍မိုင်းအသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲများဆောင်ရွက်နိုင်ရန်အတွက် ညှိနှိုင်းဆောင် ရွက်စဲအနေအထားတွင်သာရှိပြီး မိုင်းအသုံးပြုမှု တားဆီးရေးနိုင်ငံ တကာစာချုပ်တွင်လက်မှတ်ရေးထိုးရန်ကိစ္စကို ဆွေး နွေးရခြင်း မရှိသေးကြောင်း ဗိုလ်မှူးကြီးဝဏ္ဏအောင်ကဆိုသည်။

“ကျွန်တော်တို့ဒီကိစ္စတွေလုပ်နိုင်ဖို့ဆိုတာ တစ်ဖက်ကနိုင်ငံရေး ဆွေးနွေးပွဲတွေတိုးတက်လာတာနဲ့အညီ ဖြစ်လာနိုင်တာ ဖြစ်ပါတယ်။ကျွန်တော်တို့ JMCရဲ့အဲ့ဒီမှာ အခန်းကဏ္ဍကတော့ နှစ်ဖက်သဘောတူထားတဲ့ဟာတွေကိုအကောင်အ ထည်ဖော်ဖို့ပဲ ။ဒီJMCအနေနဲ့ ကမကထလုပ်ပြီး မိုင်းရှင်းလင်းရေးလုပ်မှာမဟုတ်ဘူး။ တကယ်လို့နှစ်ဖက်အဖွဲ့အစည်း ကနေ သဘောတူညီမှု ရရှိတယ်ဆိုလို့ရှိရင်တော့ အဲ့တာမျိုးလုပ်နိုင်ဖို့အတွက်ကျွန်တော်တို့က ကမကထလုပ်ပေးနိုင်တာ မျိုးတော့ရှိပါတယ်”ဟု အတွင်းရေးမှူး(၂)ဒေါက်တာရွှေခါးရ်က ပြောသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်အချိန်မှစ၍ မြေမြုပ်မိုင်း ကြောင့်သေဆုံး သူ(သို့မဟုတ်) ထိခိုက်ဒဏ်ရာရရှိသူဦးရေ (၁၀၆၀)နီးပါးရှိပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများလုပ်ကိုင် နိုင်ခြင်းမရှိသေးကြောင်း မြေမြုပ်မိုင်းအသုံးပြုမှုပိတ်ပင်တားမြစ်ခြင်းနိုင်ငံတကာအစည်းရုံးလှုံဆော်ရေးအဖွဲ့ (ICBL) ၏ ၂၀၁၇ခုနှစ် မြန်မာနိုင်ငံအစီရင်ခံစာ အရသိရသည်။

ကိုဥာဏ်

Leave a Reply