ညွှန်မှူးတစ်ဦး၏ ရုံးသုံးလက်ပ်တော့အပါအဝင် ကျပ်သိန်း(၁၄၀)ကျော်တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရ

0
102

ဇူလိုင် ၂၂
နိုင်လင်းဦး

မန္တလေးမြို့ ချမ်းအေးသာစံမြို့ ပတ်ကုန်းဝန်းကျင်ရပ်ကွက် ၂၇ လမ်း၊ ၇၂ လမ်းနှင့် ၇၃ လမ်းကြားရှိ ညွှန်ကြားရေးမှူးတစ်ဦးနေအိမ် မှ အရေးကြီးအချက်အလက်များပါသည့် ရုံးသုံးလက်ပ်တော့အပါအဝင် ကျပ်သိန်း(၁၄၀)ကျော်တန်ဖိုးရှိ ပစ္စည်းများ ခိုးယူခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည် ။

နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူသည် ရုံးပိတ်ရက်တွင် မန္တလေးမြို့ရှိ ၎င်း၏နေအိမ်သို့ ခတ္တအလည်ပြန်လာစဉ် ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည် ။

ညွှန်ကြားရေးမှူးသည် ဇူလိုင်လ (၂၁) ရက်နေ့က တွင် မန္တလေးရှိ နေအိမ်သို့ ခေတ္တလာရောက်ခဲ့ပြီး နေအိမ်အောက်ထပ်ရှိ ဧည့်ခန်းတွင် ကျောပိုးအိတ်ကိုထားပြီး မိသားစုနှင့်အတူ အိပ်ယာဝင်ခဲ့သည် ။ ဇူလိုင်လ (၂၂) ရက်နေ့ နံနက် (၄) နာရီခန့်တွင် ကျောပိုးအိတ်ခိုးယူခံရသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။

ခိုးယူခံခဲ့ရသော ကျောပိုးအိတ်အတွင်းတွင် အရေးကြီးအချက်အလက်များပါ Dell အမျိုးအစား ရုံးသုံးလက်ပ်တော့ ကွန်ပျူတာတစ်လုံး၊ ဖုန်း (၃) လုံး၊ ငွေကျပ်သိန်း (၅၀)နှင့် အမေရိကန်ဒေါ်လာ (၆၀၀) ၊ လက်ထပ်စိန်လက်စွပ်(၂)ကွင်း၊ တစ်မတ်သားရွှေလက်စွပ် (၂) ကွင်း စုစုပေါင်း တန်ဖိုး ကျပ်သိန်း ၁၄၀ ကျော် တန်ဖိုးရှိပစ္စည်းများပါဝင်သည် ။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံဖမ်းဆီးရမိရန် အမှတ် (၃) နယ်မြေရဲစခန်းတွင် (ပ)၃၇၈/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၈၀(ခိုးမူ)ဖြင့် အမှုဖွင့်၍ စုံစမ်းမှုများဆောင်ရွက်နေကြောင်း သိရသည်။

Leave a Reply