အစိုးရကို ဆန့်ကျင်သည့် သပိတ်စခန်းဖွင့်ခဲ့သောကြောင့် အဖမ်းခံရသည့် ကိုကျော်မျိုးရွှေ အမှု မစစ်ဆေးဖြစ်

0
194

မန္တလေး၊ ဇန်နဝါရီ ၁၇၊ ၂၀၁၈

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင်ရပ်ကွက် သာသနာ ၂၅၀၀ ဗိမ္မာန်မှာ အစိုးရကို ဆန့်ကျင်သည့် သပိတ်စခန်းဖွင့်ခဲ့သောကြောင့် ဖမ်းဆီးခံရသည့် ကိုကျော်မျိုးရွှေ အမှုတွင် အကျဉ်းထောင်ဆရာဝန် မလာသည့်အတွက် မစစ်ဆေးဖြစ်ကြောင်း သိရသည်။

ကိုကျော်မျိုးရွှေသည် အရိုးကင်ဆာ ဖြစ်နေသည့်အတွက် တရားရုံးတွင် အာမခံလျှောက်ထားရာ တရားသူကြီးမှ အကျဉ်းထောင်ဆရာဝန်အား ဇန်နဝါရီလ ၁၇ ရက်နေ့တွင် စစ်ဆေးရန်ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။

“အမှန်တကယ် ဆေးကုသမှုခံနေလား ဆိုတာ သိရအောင်လို့ ထောင်ဆရာဝန်ကို ခေါ်စစ်တာဖြစ်တယ် ။ ဆရာဝန်မလာတော့ မစစ်ဖြစ်ဘူး ။´´ ဟု ချမ်းမြသာစည်မြို့နယ် တရားရုံး မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ချမ်းမြသာစည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနက တရားလို ပြုလုပ်ပြီး သပိတ်စခန်းမှာပါဝင်သည့် ကိုကျော်မျိုးရွှေပါ (၅) ဦးကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ကာ (၄) ဦးမှာ လွတ်မြောက်နေကြောင်း သိရသည်။

ထို့အပြင် အစိုးရကို ဆန့်ကျင်သည့် သပိတ်စခန်းဖွင့်ခဲ့သောကြောင့် အဖမ်းဆီးခံ သံဃာ (၆) ပါးကို ဒီဇင်ဘာလ ၂၇ ရက်နေ့ က ချမ်းမြ သာစည်မြို့နယ် တရားသူကြီး မှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်ခြောက်လ ကျခံရန်အမိန့်ချခဲ့ပြီးဖြစ်သည်။

နိုင်လင်းဦး

Leave a Reply