ရခိုင်အမျိုးသားပါတီ ဗဟိုကော်တီတစ်ဦးအား ၆၆ (ဃ) ဖြင့်ဖမ်းဆီး

0
106

ဇူလိုင် ၂၂
ညိုမှိုင်း

ရခိုင်အမျိုးသားပါတီ၏ ဗဟိုကော်မတီ (စီစီ)တစ်ဦးဖြစ်သည့် ဒေါ်နုအေးဆိုသူအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ယနေ့နံနက်ပိုင်းက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးခံရသူမှာ ရခိုင်အမျိုးသားပါတီ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့်အပြင် မြေပုံမြို့နယ် အလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ်သည်။

“ဒေါ်နုအေးက ကျွန်တော်တို့ပါတီမှာ မြို့နယ်အလုပ်အမှုဆောင်ဖြစ်သလို ပါတီဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ကို ဒီနေ့မနက် ၈ နာရီလောက်မှာ ရဲတပ်ဖွဲ့က လာဖမ်းသွားတယ်လို့တယ်။ ဘာကြောင့်ဖမ်းတာလဲဆိုတာကို လေ့လာ ကြည့်တော့ ၆၆ (ဃ)နဲ့ ဖမ်းတာလို့သိရပါတယ်။”ဟု မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မြေပုံမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်သန်းဇော်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ တစ်စုံတစ်ရာအကြောင်းပြန် ဖြေဆိုပေးခြင်းမရှိသည့်အတွက် အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာ အသိရသေးကြောင်း တုန့်ပြန်ပြောကြားသည်။

“ဒါနဲ့ပတ်သက်လို့တော့ ကျွန်တော်ဘာမှမသိရသေးဘူး။ ဒါကြောင့် ကျွန်တော်အနေနဲ့ ဒီကိစ္စအပေါ်မှာ ဘာမှမပြောနိုင်ဘူးခင်ဗျား။ သိချင်ရင်တော့ ရဲတပ်ဖွဲ့ကိုဆက်သွယ်ပြီးတော့ မေးမြန်းပါ”ဟု ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကပြောသည်။

၎င်းမှာ ရခိုင်အမျိုးသားပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သည့်အပြင် ရခိုင်အမျိုးသမီးများအစည်းအရုံး RWU တွင်လည်း ဝင်ရောက်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ယခုဖမ်းဆီးခံရခြင်းမှာ နိုင်ငံရေးကိစ္စရပ်များနှင့် ဆက်စပ်မှုမရှိနိုင်ကြောင်း ဦးအောင်ဝင်းက ဆက်လက်ပြောကြားသည်။

“သူက ပါတီမှာလည်း လုပ်တယ်။ နောက်ပြီးတော့ RWU မှာလည်းလုပ်တယ်။ သူ့ရဲ့အကောင့်မှာတော့ နိုင်ငံရေးနဲ့ ပတ်သက်တာတွေကို ရေးသားတာတော့မတွေ့ရဘူး။ ၆၆ (ဃ)နဲ့ ဖမ်းတယ်ဆိုတော့ ဘယ်အကြောင်းအရာနဲ့ ဆက်စပ်ပြီးတော့ ဖွင့်တယ်ဆိုတာကို မသိရသေးဘူး။”ဟု ဦးအောင်ဝင်းကပြောသည်။

ဒေါ်နုအေးအား ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ပြည်နယ်မှအမှုဖွင့်ထားခြင်းဖြစ်ကာ ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့မနက်ပိုင်းတွင် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply