ရော်နယ်ဒို မုဒိမ်းမှုစွဲချက်ရင်ဆိုင်ရမည်မဟုတ်

0
89

ဇူလိုင် ၂၃
နိုင်ငံတကာသတင်း

ဘောလုံးကြယ်ပွင့်ခရစ္စတီယာနို ရော်နယ်ဒိုက လိင်ကျူးလွန်မှုရှိခဲ့တယ်လို့စွပ်စွဲခံခဲ့ရပေမဲ့ စွဲချက်တွေရင်ဆိုင်ရမှာမဟုတ်ဘူးလို့ အမေရိကန်အစိုးရရှေ့နေတွေက ပြောပါတယ်။

လက်ရှိဂျူဗင်တပ်စ်ကစားသမားရော်နယ်ဒိုက ၂၀၀၉ ခုနှစ်တုန်းက လက်စ်ဗီးဂတ်စ်မြို့မှာရှိတဲ့ဟိုတယ်တစ်ခုမှာ သူ့ကိုမုဒိမ်းကျင့်ခဲ့တယ်လို့ အသက် ၃၄ နှစ်အရွယ် ကတ်သရင်း မာယော်ဂါက စွပ်စွဲထားတာပါ။

၂၀၁၀ မှာ ရော်နယ်ဒိုနဲ့ တရားရုံးပြင်ပမှာ သဘောတူညီချက်ရခဲ့တယ်ဆိုပြီးသတင်းတွေထွက်ခဲ့ပေမဲ့ ၂၀၁၈ ခုနှစ်မှာ အမှုပြန်ဖွင့်ဖို့ကြိုးစားခဲ့တာပါ။

ရော်နယ်ဒိုကတော့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

တနင်္လာနေ့မှာထုတ်ပြန်ချက်မှာ အကျိုးအကြောင်းဆီလျော်တဲ့သံသယတွေကို သက်သေမပြနိုင်ဘူးလို့ လက်စ်ဗီးဂတ်စ်အစိုးရရှေ့နေတွေက ပြောပါတယ်။

၂၀၀၉ ခုနှစ်မှာ စော်ကားခံရတဲ့ဖြစ်ရပ်ကို တိုင်ကြားခဲ့ပေမဲ့ ဘယ်မှာဖြစ်ခဲ့တာနဲ့ ဘယ်သူက ကျူးလွန်ခဲ့တယ်ဆိုပြီး တိုင်ကြားခဲ့တာမရှိဘူးလို့ ကလာ့က်ခရိုင်ရှေ့နေချုပ်ရုံးက ပြောပါတယ်။

ဒါ့ကြောင့် ရဲတွေက အဖြေထွက်လာမယ့်စုံစမ်းစစ်ဆေးမှုတွေမလုပ်နိုင်ခဲ့ဘူးလို့လည်း ပါဝင်ပါတယ်။

၂၀၁၈ ခုနှစ်၊ သြဂုတ်မှာ ကျူုးလွန်ခံရသူရဲ့တောင်းဆိုချက်ကြောင့် လက်စ်ဗီးဂတ်စ်ရဲတွေက မှုခင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးခဲ့တာပါ။

အမျိုးသမီးတွေလိင်ပိုင်းဆိုင်ရာကျူးလွန်ခံခဲ့ရတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းထုတ်ပြောလာကြတဲ့ #MeTooလှုပ်ရှားမှုကြောင့် အမှုပြန်ဖွင့်ဖို့ဆုံးဖြတ်ခဲ့တာလို့ မာယော်ဂါရဲ့ရှေ့နေကပြောပါတယ်။

၂၀၀၉ ခုနှစ်က သူတို့နှစ်ယောက် လက်စ်ဗီးဂတ်စ်မှာတွေ့ခဲ့တယ်ဆိုတာ မငြင်းခဲ့ပေမဲ့ နှစ်ဦးသဘောတူဖြစ်ပွားခဲ့တာလို့ ရော်နယ်ဒိုက ထုတ်ပြောထားပါတယ်။

Source-BBC
#ဥက္ကာ
#TheFifthWaveNews
Photo- Christiano Ronaldo Instagram

Leave a Reply