တိမ်ညိုကျေးရွာအတွင်းမှ ပစ်ခတ်မှုကြောင့် လှေဖြင့်သွားလာနေစဉ် ကလေးတစ်ဦး ကျည်ထိဒဏ်ရာရ

0
82

ဇူလိုင် ၂၃
ညိုမှိုင်း

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ တိမ်ညိုကျေးရွာအနီး လှေဖြင့်သွားလာနေသည့် ကလေးတစ်ဦးမှာ ယနေ့နံနက်ပိုင်းက ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်မှာ နံနက် ၁၁ နာရီခန့်အချိန်တွင် တိမ်ညိုကျေးရွာအတွင်းရှိမှ ပစ်ခတ်မှုများကြောင့် ချောင်းထဲတွင်သွားလာနေသည့် လှေထဲမှ ကလေးငယ်တစ်ဦး၏ ဦးခေါင်းတွင် ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။

“ရွာထဲက ပစ်ခတ်လိုက်တဲ့ကျည်က ချောင်းထဲကကလေးကိုသွားထိတာ။ ဦးခေါင်းမှာဖောက်ဝင်သွားတယ်။ ဒဏ်ရာတော်တော်ပြင်းထန်ပါတယ်။”ဟု အမည်မဖော်လိုသည့် တိမ်ညိုကျေးရွာသားတစ်ဦးက ပြောသည်။

ယင်းကလေးငယ်မှာ တောင်ဦးကျေးရွာမှဖြစ်ပြီး မောင်ဘိုသန်းထွန်း (ခ) မောင်ကြီး ဘ ဦးမောင်မြစိန်ဖြစ်ကြောင်းနှင့် ယင်းလှေပေါ်တွင် ၎င်းနှင့်အတူ အစ်မဖြစ်သူအပါအဝင် သုံးဦးတို့လိုက်ပါလာခဲ့ကြခြင်းဖြစ်သည်။

“ကလေးက တောင်မြင့်ရွာကပါ။ သူတို့က မိသားစုလယ်ကိုသွားကြတာလို့ပြောတယ်။ အစ်မတစ်ယောက်လည်းပါတယ်။ သုံးယေက်ထဲက သူ့ကိုသွားထိတာ။ ဦးခေါင်းမှာထိသွားတယ်။ အခုသူ့ကို တိမ်ညိုဆေးရုံကနေ မြောက်ဦးဆေးရုံကို ပို့ဆောင်နေပါပြီ။”ဟု အဆိုပါကျေးရွာသာကပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းကြည့်ရာ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့အနေနဲ့မသိရှိရသေးကြောင်း ပြောသည်။

Leave a Reply