အမေရိကန်မှ ပိတ်ဆို့မှုများချမှတ်ခြင်း ပြည်တွင်းရေးကို ဝင်ရောက်စွက်သည့် လုပ်ရပ် ဟု တပ်မတော် ပြော

0
78

ဇူလိုင် ၂၄
ယဉ်ကေနွယ်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမှတ် ၃၃ နှင့် ၉၉ ခြေလျင် တပ်ရင်းက တပ်မှူးဗိုလ်ချုပ်သန်းဦးနှင့် ဗိုလ်ချုပ်အောင်အောင်တို့ကို ‘အမေရိကန်ပြည်ထောင်စုက ဇူလိုင်လ ၁၆ ရက်နေ့က ပြည်ဝင်ခွင့်ပိတ်လိုက်ကြောင်း ကြေညာခဲ့သည်။

ထိုသို့ ပိတ်ဆို့မှုများချမှတ်ခြင်းသည် ပြည်တွင်းရေး ကိစ္စကို ၀င်ရောက်စွကိဖက်သည့် လုပ်ရပ်ဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ ဒုတိယဥက္ကဌ ဗိုလ်ချုပ် ထွန်းထွန်းညီ ကပြောသည်။

“ဒီအပေါ်မှာ ကျွန်တော်တို့ ပြည်တွင်းရေးပြသနာ ပြည်တွင်းရေးမှာ ဖြစ်တဲ့ အခြေအနေ မှာ ကျွန်တော်တို့ ဒါ ကျွန်တော်တို့ ဆီမှာ ရှိတဲ့ အချုပ် အခြာ အာဏာပိုင် အဖွဲ့အစည်း အသီးသီး ထဲမှာ မှ ဒီလိုမျိုး ပုဂ္ဂိုလ်တွေကို ရွေးပြီးတော့ လုပ်ပေမဲ့လည်း ဒီပုဂ္ဂိုလ်တေံက ခုနကပြောတဲ့ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေဖြစ်တဲ့ အတွက် ကျွန်တော်တို့ နိုင်ငံကိုရော ကျွန်တော်တို့ နိုင်ငံရဲ့ အချုပ်အာဏာကိုရော အစိုးရကိုရော တပ်မတော်ကိုရော ပြည်သူလူထုကိုပါ ဒါ အနိုင်ကျင့်တဲ့ interference လုပ်တဲ့ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ပြီေးတာ့ လုပ်တဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”ဟု ဗိုလ်ချုပ် ထွန်းထွန်းညီ ကပြောသည်။

ယနေ့ နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင်း ကျင်းပပြုလုပ်သည့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ ၏ မေးမြန်းမှုအပေါ် ဗိုလ်ချုပ်ထွန်းထွန်းညီက အထက်ပါအတိုင်းရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စု အနေဖြင့် ထိုသို့ ပိတ်ဆို့ မှုလုပ်ဆောင်ခြင်း အပေါ် ၎င်း ၏ပြည်တွင်းဥပဒေ အရ လုပ်ဆောင်ခြင်းဖြစ်သည့် အတွက် ပြောစရာ မရှိသော်လည်း လူ့ အခွင့်အရေး ချိုးဖောက်သည်ဟု ပြောဆိုသည့် အကြောင်းပြချက်သည် ခိုင်လုံသည့် အကြောင်း ပြချက် မဟုတ်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီ ကပြောသည်။

“ဒီမှာ သူတို့ လူ့အခွင့်အရေးချိုးဖောက်တယ်လို့ အကြောင်းပြတာ အဲ့လူ့ အခွင့်အရေးချိုးဖောက်တယ်လို့ အကြောင်းပြချက်ကလည်း ခိုင်လုံတဲ့ အကြောင်းပြချက် မဟုတ်ပါဘူး။ ဒီနေ၇ာမှာ ကျွန်တော်တို့ ဒီတပ်မတော် အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအပါအ၀င်ပေါ့။။ ဒီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံသား အားလုံးက ဒီအခြေခံ လူ့အခွင့်အရေး Internation law နဲ့ ကိုက်ညီအောင် ရေးဆွဲထားပြီးတော့ မှ အားလုံးလူ့ အခွင့်အရေး တန်းတူ နိုင်ငံသား အားလုံးတန်းတူ ရှိအောင် ပြဌာန်းပေးထားတယ်”ဟု ၎င်း ကပြောသည်။

တပ်မတော်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံသပဒေနှင့် အညီ တည်ဆောက်ထားသည့် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် ပြည်ထောင်စု အဆင့်ရှိသည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီ ကပြောသည်။

ထိုသို့ ပိတ်ဆို့မှုများသည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များအားဖြေရှင်းရာတွင် အထောက်အကူ မပြုသည့် အပြင် လက်ရှိရင်ဆိုင်နေရသည့် အခက်အခဲပြသနာများအား ပိုမို ခက်ခဲစေကြောင်း အစိုးရအဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောဆိုထားသည်။

Leave a Reply