ရခိုင်အမတ်များ၏ ပြောဆိုချက်များ တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုနိုင်မည် မဟုတ်

0
78

ဇူလိုင် ၂၃
ယဉ်ကေနွယ်

ရခိုင်လွှတ်တော်အမတ်များ၏ အစွန်းရောက် နေသည့် အပြုသဘောပြောဆိုချက်များသည် တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုနိုင်မည် မဟုတ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောသည်။

“တစ်ခုခု ဖြစ်လာတိုင်းမှာ ရခိုင်မှာ တည်ငြိမ်အေးချမ်းချင်တယ်လို့ ပြောနေတဲ့ လွှတ်တော်အမတ်တွေ ဘယ်လိုမျိုးပြောနေလဲ။ ကျွန်တော်တို့ကို ပြောတာ မဟုတ်ဘူး။ မီဒီယာနဲ့ ပြောတာရှိတယ်။ ဝေဖန်တာတွေလည်းရှိတယ်။အဲ့ဒီပြောဆိုချက်တွေဟာ ခုန သူတို့ ပြောတဲ့ တည်ငြိမ်အေးချမ်းမှုကို ရရှိစေနိုင်တဲ့ ပြောဆိုချက်တွေလား။ အထောက်အကူဖြစ်စေတဲ့ ပြောဆိုချက်တွေလား။သုံးသပ်ရပါလိမ့်မယ်။ တကယ် အကျိုးလိုချင်လို့ ပြောတဲ့ဟာလည်းရှိတယ်။ တချို့ပြောဆိုချက်တွေကလည်း အစွန်းရောက်တယ်။ မည်သည့် ကိစ္စမှာ မဆို အစွန်းရောက်တဲ့ ပြောဆဆိုချက်တွေဟာ တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုနိုင်မှာ မဟုတ်ဘူးလို့ ပြောလိုပါတယ်”ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကပြောသည်။

ယနေ့ နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ကျင်းပပြုလုပ်သည့် တပ်မတော်သတင်းမှနန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုအပေါ် ဗိုလ်မှူးချုပ်ဗိုလ်မင်းထွန်း က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်လွှတ်တော်အမတ်များအနေဖြင့် ရွေးကောက်ပွဲနီးလာပါက တည်ငြိမ်အေးချမ်းမှုရရှိစေချင်ပါက ၀ိုင်းဝန်းပါဝင် ကူညီဆောင်ရွက် စေကြောင်း ဗိုလ်မှူးချုပ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တိုက်တွန်းပြောကြားခဲ့သည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ်နှင့် ပတ်သက်ပါက ၎င်း တို့၏ ရပ်တည်ချက်သည် ငြိမ်းချမ်းရေးကို လမ်းဖွင့်ပေးထားကြောင်း ၊ငြိမ်းချမ်းရေးနှင့် ပတ်သက်လာပါက တံခါး ဖွင့်ထားပေးကြောင်း၊ ငြိမ်းချမ်ရေးကို လျှောက်လှမ်းနိင်ရေးအတွက် အားလုံးမှ ၀ိုင်းဝန်းတိုက်တွန်းပေးမည်ဆိုပါက ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုဖြစ်လာနိုင်မည်ဖြစ်ကြောင်း ၎င်း ကပြောသည်။

လက်ရှိရခိုင်ပြည်နယ်တွင် မိုးရာသီကာလ ရောက်ရှိနေသည့် အတွက် စစ်ဘေးရှောင် စခန်းရှိ ပြည်သူများမှ စပါးစိုက်ပျိုးချင်သော်လည်း AA ဘက်မှ နှင်ထုတ်နေကြောင်း သိရသည်။

“စစ်ဘေးရှောင်က လူတွေလည်း စပါးစိုက်ချင်ပါတယ်။ သို့သော် နှင်ထုတ်ထားတာရှိပါတယ်။ AA က နှင်ထုတ်ထားတာရှိပါတယ်။ရွာက လူတွေကို စစ်ဘေးရှောင် စခန်းတွေရောက်အောင်ဆိုပြီး နှင်ထုတ်ထားတာရှိတယ်။ တမင်သက်သက် ကို ထွက်ပါဆိုပြီး နှင်ထုတ်တာရှိတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကပြောသည်။

Leave a Reply