နေပြည်တော်ဥပ္ပါတသန္တိစေတီ၌ သံဃာအပါး ၁၀၀၀၀ ဆွမ်းဆန်စိမ်း လောင်းလှူမည်

0
161

ရန်ကုန် ၊ ဇန်န၀ါရီ ၁၇ ၊ ၂၀၁၈

နေပြည်တော်ရှိဥပ္ပါတသန္တိစေတီတော်တွင် သံဃာအပါး ၁၀၀၀၀အား ဇန်န၀ါရီ ၂၀ရက်နေ့၌ ပထမအကြိမ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ် မည်ဖြစ်ကြောင်း မိုးထိမိုးမိရွှေတောင်ကြီးဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေး အ ဖွဲ့ထံမှသိရသည်။

“နေ့လည် ၂နာရီမှာ လောင်းလှူပွဲစလုပ်မှာပါ။ ၃နာရီလောက် အချိန်ယူရမယ် ထင်ပါတယ်။ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ဦးဆောင်ကျင်းပတာဆိုပေမယ့် ဘာသာရေးလုပ်ငန်းတွေလုပ်ဖို့ဆိုရင် ကျွန်တော်တို့ရဲ့ဒီ အဖွဲ့ကဦးဆောင်ပြီးကျင်းပတာဖြစ်ပါတယ်”ဟု ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရေးဆပ်ကော်မတီဦးသူရဇော်က ပြောသည်။

ဇန်န၀ါရီ ၁၇ရက်နေ့မှစတင်၍သံဃာအပါး ၉၀၀ဖြင့် မဟာပဋ္ဌာန်း ရွတ်ဖတ်ပွဲကျင်းပမည်ဖြစ်ကာ ဇန်န၀ါရီ ၂၀ရက်နေ့တွင် ဆွမ်းဆန်စိမ်း လောင်းလှူပွဲဆက်လက်ပြုလုပ်မည်ဟု ၎င်းကဆိုသည်။

ပင်မမဏ္ဍပ်မှနေ၍ ဆွမ်းဆန်းစိမ်းအလှူခံကြွရောက်မည့် သံဃာတော်များ သည်လျှောက်လမ်း ၆လမ်းမှကြွရောက်မည် ဖြစ်ပြီး သံဃာတော်များကို လောင်းလှူရန်အတွက် မဏ္ဍပ် ၁၅၀ စီစဉ်ထားကြောင်းသိရသည်။

၂၀၁၇ဒီဇင်ဘာ ၃၁ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ ရွှေတိဂုံစေတီတော်၌ သံဃာအပါး ၁၅၀၀၀အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပခဲ့သည်။

ကိုဥာဏ်

Leave a Reply