ခန္တီးတွင် အရက်ကြောင်ပြီး ကိုယ့်ကိုယ်ကို ဓါးဖြင့်ထိုးသတ်မှုဖြစ်ပွား

0
134

ဇူလိုင် ၂၄
နိုင်လင်းဦး

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ပေါမိုင်းရပ်ကွက်တွင် ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်က အရက်ကြောင်ပြီး ကိုယ့်ကိုယ်ကို ဓါးဖြင့်ထိုးသတ်မှုဖြစ်ပွားခဲ့ကြောင်း ခန္တီးမြို့မရဲစခန်း က သိရသည် ။

ဖြစ်စဉ်မှာ ပေါမိုင်းရပ်ကွက်တွင်နေထိုင်သည့် အရက်အလွန်အကျွံသောက်စားတက်သူ ကိုအောင်ဆုမြတ် သည် အရက်ကြောင် ကြောင်ကာ ဓါးရှည် ဓါးဦးချွန်ဖြင့် မိမိကိုယ် မိမိ လည်ပင်းလှီး ၊ ဝမ်းဗိုက်ထိုးသွင်း ကာ အူများဆွဲနှုတ်ခဲ့သည် ။

ထိုသို့ ကိုယ့်ကိုယ်ကို ဓါးဖြင့်ထိုး၍ လုပ်ဆောင်နေသည်ကို ၄င်း၏ အမအရင်း နှင့် မိသားစုဝင်များက တွေ့မြင်ပြီး ခန္တီးဆေးရုံသို့ ပို့ဆောင်ခဲ့ကာ ဆေးရုံရောက်ပြီး မကြာခင်အချိန်တွင် သေဆုံးခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည် ။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုအောင်ဆုမြတ် သည် ဓမ္မတာအတိုင်း သေဆုံးဟုတ်မဟုတ် စုံစမ်းစစ်ဆေးရန်အတွက် သေမှုသေခင်းဖြင့် ရေးဖွင့် ထားကြောင်း သိရသည် ။

Leave a Reply