ပြောင်းရွှေ့ကြေး ပေါင်းသန်း ၂၀ ဖြင့် အာဆင်နယ်တိုက်စစ်မှူးကို အဲဗာတန်ခေါ်ယူ

0
152

ဇန်န၀ါရီ ၁၇ ၊ ၂၀၁၈

အာဆင်နယ်တိုက်စစ်မှူး ၀ဲလ်ကော့ဟာ ပြောင်းရွှေ့ကြေး ပေါင်သန်း၂၀ ဖြင့် အဲဗာတန်အသင်းကို ပြောင်းရွှေ့ဖို့ ယနေ့မှာ ဆေးစစ်တော့မယ်လို့ သိရပါတယ်။

အဲဗာတန်နည်းပြ ဆမ်အလာဒွိုက်ဟာ ၀ဲလ်ကော့ကို အလို၇ှိကြောင်း တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပြီး ယခုကဲ့သို့ တရားဝင် ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာ ဆောက်သမ်တန် လူငယ်ကစားသမားဘ၀နဲ့ အာဆင်နယ်ကို ပြောင်းလာတဲ့ ၀ဲလ်ကော့ဟာ အာဆင်နယ်အသင်းရဲ့ အရန်ကစားသမားဘ၀နဲ့သာ အချိန်ကုန်နေခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ပြောင်းရွှေ့ကြေး ပေါင် ၁၂ နဲ့ အာဆင်နယ်ကို စတင် ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ၀ဲလ်ကော့ရဲ့ အပြောင်းအရွှေ့အတွက် အဲဗာတန်ဆီကနေ ပေါင် သန်း ၃၀ ခန့် အလိုရှိခဲ့ပေမယ့် အဲ့ဗာတန်အသင်းက ပေါင်သန်း ၂၀ နဲ့သာ အပြောင်းအရွှေ့ကို အဆုံးသတ်လိုက်တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ၀ဲလ်ကော့ ၊ဆန်းချက်ဇ် စတဲ့ ကစားသမားတွေကို ထုတ်ရောင်းပြီး မန်ယူကွင်းလယ်လူ မစ်ခိတာရန်နဲ့ ဒေါ့မွန်တိုက်စစ်မှူး အူဘာမီယန်တို့ကို ပြန်လည်ခေါ်ယူမယ်လို့ သိရပါတယ်။

NN

Leave a Reply