ဇီး​တောဆည်​အတွင်း စက်​​လှေတိမ်း​မှောက်​ လူအများအပြားသေဆုံး

0
99

ဇူလိုင် ၂၄
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်အတွင်းရှိ ဇီး​တောဆည်​အတွင်း ဇူလိုင်လ ၂၄ ရက်နေ့ နံနက်ပိုင်းအချိန်က စက်​​လှေတိမ်း​မှောက်​မှုဖြစ်ပြီး လူအများအပြားသေဆုံးခဲ့ကြောင်း နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုး က အတည်ပြုသည် ။

မြစ်​သားမြို့နယ်​ မှ လူဦး​ရေ ၂၅​ယောက်​လိုက်​ပါလာ​သော အဖွဲ့သည် သစ္စာ​ရေလယ်​​ကျောင်းတိုက်​သို့ ကုသိုလ်​ပြုလုပ်​ရန်​လာ​ရောက်​စဉ်​ ဇီး​တောဆည်​အတွင်း စက်​​လှေတိမ်း​မှောက်​ခြင်းဖြစ်ကြောင်း နွားထိုးကြီးမြို့နယ် မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည် ။

“နောက်ဆုံးအခြေအနေကိုတော့ မသိရသေးဘူး။ပျောက်နေတဲ့သူတွေကို ရှာနေကြတုန်းပဲ ” ဟု နွားထိုးကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ကျော်မိုး က ပြောသည်။

ထိုသို့ စက်လှေလှောက်သည့်အတွက် အသက်​ရှင်​ကျန်​ရစ်​သူ ၁၀ဦး ရှိပြီး ၂ ဦး​ ကို ဆေးရုံပို့ထားကာ ​သေဆုံးသူ ၈ ဦး​တွေ့ရှိကြောင်း ကနဦး သိရသည် ။

Leave a Reply