လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အရက်မူးပြီး ဗုံးထောင်ထားကြောင်း ရဲစခန်းကိုဖုန်းဆက် သတင်းပို့ခဲ့သည်ဟု ရေးသားခဲ့သည့် ဦးအောင်ပိုင်မင်းပါ အကောင့်ပိုင်ရှင် ၁၁ ဦးကို ဦးမောင်မောင်ဆွေအမှုဖွင့်

0
128

ဇူလိုင် ၂၆
ယဉ်ကေနွယ်

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အရက်သေစာသောက်စားမူးယစ်ပြီး ဗုံးထောင်သည်ဟု ရဲစခန်းကိုဖုန်းဆက် သတင်းပို့ခဲ့သည်ဟု ရေးသားခဲ့သည့် ဦးအောင်ပိုင်မင်းပါ အကောင့်ပိုင်ရှင် ၁၁ ဦးကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ မှ ၂၀၁၇ ခုနှစ်နိုင်ငံများ၏ပုဂ္ဂိုင်ဆိုင်ရာလွတ်မှုနှင့်ပုဂ္ဂိုင်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ဖြစ်စဉ်သည် ဇူလိုင်လ ၂၃ ရက်နေ့ က ဦးအောင်ပိုင်မင်း မှ ၎င်း ၏ Facebook အကောင့်နှင့် ပြိုက်ဘက်မီဒီယာအကောင့် တွင် “နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင်နေထိုင်သည့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအရက်သေစာသောက်စားမူးယစ်ပြီး ၎င်း အခန်းတွင်ဗုံးထောင်သညိဟု ရဲစခန်းသို့ ဖုန်းဆက်သတင်းပို့ခဲ့ဟူသောခေါင်းစဉ်ဖြင့် ဦးမောင်မောင်ဆွေ၏ဓာတ်ပုံဖြင့်ဆိုရှယ်မီဒီယာတွင်သတင်းတင်ခဲ့သည့်အပြင် NLDပါတီမှတာဝန်ရှိသူများမှလည်းထိုသို့မူးယစ်သောက်စားမှုပြုလုပ်ခြင်းများအတွက်အရေးယူထားမှုခံရသည်ဟု မဟုတ်မမှန်ရေးသားဖော်ပြခဲ့ကြောင်းသိရသည်။

ထို့အတူ Aung Paing Min နှင့်ပြိုင်ဖက်မီဒီယာအကောင့်ရေးသားထားသည့် postအား Aung thura Aung Moe Kyaw Tun Htet Oo နေပြည်တော်အသိုင်းအဝိုင်း၊The Police 199 ဝါဝါပြုံး၊ Aung Khant Naing၊ ထက်မွန်ကျော် ၊Zay Yar Thiri Thiri facebook acoount တို့မှလည်းတရားလို၏ဂုဏ်သိက္ခာကျဆင်းစေရန်စာသားများ လူမှုကွနိရက်စာမျက်နှာပေါ်တွင်ထပ်မံကူးယူရေးသားဖော်ပြခြင်းများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့လုပ်ဆောင်ခဲ့သည့်အတွက် ဦးအောင်ပိုင်မင်းပါအကောင့်ပိုင်ရှင်၁၁ဦးကို ဥပဒေအရအရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် ဦးမောင်မောင်ဆွေက ဇူလိုင် ၂၅ရက်ည ၉နာရီခွဲအချိန်တွင်ကျည်တောင်ကန်နယ်မြေရဲစခန်းတွင် ၂၀၁၇ ခုနှစ် နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေပုဒ်မ ၁၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

ထို့အတူ ဇူလိုင်၂၃ရက်ကလည်း Aung Khant Hmuu (အချိန်ဆိုတာနောက်ပြန်လှည့်လို့မရဘူး) Facebook Accountသည် မူးမူးရူးရူးမန္တလေးသားအမတ်ထူးဟုခေါင်းစဉ်ဖြင့်Thura Kyaw ဖေ့စ်ဘွတ်အကောင့်မှ ဒါက နောက်တစ်မျိုးတိုးလာပြီး NLDလွှတ်တော်အမတ်ထဲမှာအရူးလည်းပါတယ်။မူးယစ်သောက်စားပြီး ဗုံးထောင်ထားသည်ဟုရဲစခန်းကို ဖုန်းဆက်သည့် NLDအမတ် စိတ်ရောဂါသည်ဖြစ်နေဆိုသည့် ပို့စ်ကိုပြန်လည်မျှဝေ၍ အကောင့်ပိုင်ရှင်မျကိုလည်း အထက်ပါပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

Leave a Reply