ဘင်္ဂါလီအကြမ်းဖက်သမားများရန်ကို ကာကွယ်ပေးနေသည့် ညောင်ချောင်း နယ်ခြားစောင့်ရဲကင်းစခန်းကို AA ဝင်တိုက်၊ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရ

0
125

ဇူလိုင် ၂၆
ညိုမှိုင်း

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသ ဘူးသီးတောင်မြို့နယ်အတွင်းက ညောင်ချောင်း နယ်ခြားစောင့်ရဲကင်းစခန်းအား တိုက်ခိုက်ခံရသည့်အတွက် တပ်ဖွဲ့ဝင်နှစ်ဦးထိုခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတိုက်ခိုက်မှုမှာ ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်း ၄ နာရီခန့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့မနက် ၄ နာရီ ၁၅ လောက်မှာ ညောင်ချောင်းရဲကင်းစခန်းကို AA ကဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ စခန်းရဲ့တောင်ဘက် ကာဒီရွာဘက်ကနေ ဝင်တိုက်ခဲ့တာပေါ့။ အဲ့ဒီစခန်းက တိုင်းရင်းသားဒေသခံတွေ လုံခြုံရေးအတွက် ဘင်္ဂါလီအကြမ်းဖက်ရန်ကို ကာကွယ်ဖို့အတွက် ထားရှိတဲ့စခန်းဖြစ်ပါတယ်။ တိုက်ခိုက်ခံရတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။”ဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

AA ဘက်ကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အခုလိုတိုက်ခိုက်ခံလိုက်ရတဲ့ အတွက် တပ်ဖွဲ့ဝင်တချို့ဒဏ်ရာရရှိခဲ့ပေမယ့် စခန်းကိုတော့ ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။

“မနက်အစောကြီး ၄ နာရီလောက်မှာ သေနတ်သံတွေ ကိုကြားရတယ်။ အချိန်တော်တော်လေးကြာအောင်ထိကို ပစ်ခတ်မှုတွေဖြစ်ခဲ့ကြတယ်။ စခန်းကိုဝင်တိုက်တယ်လို့သိရတယ်။ ဘာတွေဖြစ်ခဲ့လဲတော့ မသိရဘူး။ သွားလည်းမကြည့်ရဲဘူး။”ဟု ရွာသားတစ်ဦးကပြောသည်။

ထို့နောက် ယင်းတိုက်ခိုက်မှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ဝန်းကျင်ခန့်အကြာဖြစ်ပွားခဲ့ပြီး လုံခြုံရေးတာဝန်ထမ်းဆောင်နေ သည့် တပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး AA ဘက်မှလည်း တချို့ကျဆုံးခဲ့ကြောင်း တပ်မတော်ဘက်ကပြောသည်။

Leave a Reply